ကျောက်ဖြူ၌ တိုက်ပွဲနားချိန် AA ၏ စနိုက်ဘာကြောင့် စစ်တက်ဘက်တွင် အကျအဆုံးရှိနေ

ကျောက်ဖြူ၌ တိုက်ပွဲနားချိန် AA ၏ စနိုက်ဘာကြောင့် စစ်တက်ဘက်တွင် အကျအဆုံးရှိနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ယာယီရပ်တန့်နေချိန်တွင် အာရက္ခတပ်တော် (AA) က စစ်တပ်စစ်ကြောင်းများကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် သေဆုံးမှုအချို့ ရှိနေသည်။

အာရက္ခတပ်တော် (AA) သည် အဝတောင်၊ သိုင်းချောင်းနှင့် မင်းပြင်ကျေးရွာအနီးရှိ စစ်တပ်လက်အောက်ခံ တပ်သားများကို စနိုက်ဘာဖြင့် ကောက်နုတ် ပစ်ခတ်နေခြင်းကြောင့် ယခုကဲ့သို့ သေဆုံးမှုများ ရှိနေခြင်းဖြစ် ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်တွင် တောင်မော်ဦးစခန်းအနီးရှိ အဝတောင်ကျေးရွာ ပတ်ဝန်းကျင်၌ ထိတွေ့ တိုက်ပွဲ အချို့ အနည်းငယ်ဖြစ်ပွားခဲ့သော်လည်း၊ ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ များ ရပ်တန့်နေခဲ့သည်။

ထိုသို့ တိုက်ပွဲနားနေသည့် အချိန်တွင် အာရက္ခတပ်တော် (AA) က မိုးရွာသွန်းမှုကို အခွင့်အရေးအဖြစ် အသုံးချ ကာ စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများ ယာယီရပ်တန့်နေသော်လည်း စစ်တပ်ဘက်က AA ၏ တန်ပြန်ထိုးစစ်ဆင်လာမည်ကို စိုးရိမ်သဖြင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ကင်းထောက်ခြင်းများကို ရံဖန်ရံခါ ပြုလုပ်လျက်ရှိကြောင်း အဆိုပါစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

“ထိတွေ့တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်ဖက်က စနိုက်ဘာပစ်ခတ်ခံရတာနဲ့ AA လျှပ်တစ်ပြက် ဝင်တိုက်မှာ ကို စိုးရိမ်ပြီး ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေကို ရမ်းသန်းပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ တော့ တွေ့နေရတယ်။”

စစ်တပ်သည် တောင်မော်ဦးရေတပ်စခန်းမှ တစ်ဆင့် AA ထိန်းချုပ်ထားသည့် စနဲမြို့ဘက်သို့ အနည်းဆုံး ၃ ကြိမ် ခန့် ကြည်း၊ ရေ၊ လေ အသုံးပြုကာ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း အကျအဆုံးများပြားခဲ့ သဖြင့် ထိုးစစ်ကို ယာယီရပ်နားထားရခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်တပ်သည် တောင်မော်ဦးရေတပ်စခန်း အနီးရှိ အဝတောင်ကျေးရွာ ပတ်ဝန်းကျင်၌ အင်အား ၄၀၀ ခန့် ဖြည့်တင်းထားပြီး၊ ယာယီစခန်းများဆောက်လုပ်ကာ ခံစစ်ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ် က ဆိုသည်။

အဆိုပါ ယာယီစခန်းချရပ်နားထားသည့် စစ်တပ် စစ်ကြောင်းများကို AA က စနိုက်ဘာဖြင့် ဆက်တိုက်တိုက်ခိုက် နေခြင်း ဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။

July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...