သထုံ ဒေသခံ ကိုးဦး ဖမ်းဆီးနှိပ်စက်ခံနေရ

သထုံ ဒေသခံ ကိုးဦး ဖမ်းဆီးနှိပ်စက်ခံနေရ

မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ စစ်ကြောရေးမှာ ရိုက်နက်နှိပ်စက်ခံနေရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ လောက်ရှိတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က ဝင်းစိန်ကျေးရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ကိုးဦး ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေဟာ ဝင်းစိန်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် စောဆထူး၊ ကျော်ဇင်အောင်၊ စောမြင့်အေး၊ အသက် ၄၀ ဝန်းကျင်အရွယ် စောသန်းဇော်၊ စောလင်းနိုင်၊ စောလှသိန်း၊ စောဖားလားထူးနဲ့ အမျိုးသမီး နှစ်ဦးတို့ ဖြစ်ပါတယ်။

သူတို့ ကိုးဦးကိုတော့ သထုံအခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ် စစ်ကြောရေးမှာ ရိုက်နက်စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဇူလိုင် ၁ ရက်နေ့အထိ မပြန်မလွှတ်ပေးသေးသလို မိသားစုနဲ့လည်း တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။

ဝင်းစိန်ကျေးရွာအတွင်း သေနတ်တွေ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ နေအိမ်တွေက ဆိုင်ကယ်၊ရွှေ၊ပိုက်ဆံနဲ့ တန်းဖိုရှိ ပစ္စည်း အများအပြားကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီစီးနင်းမှုဟာ ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က ပေါင်မြို့နယ် သဗြူချောင်ကျေးရွာ ပြည်သူ့ စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးစဉ် ဝင်းစိန်ကျေးရွာမှာ အခြေချ လှုပ်ရှားခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝင်းစိန်ကျေးရွာကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ရွာခံတချို့ တိမ်းရှောင်နေရပြီး စစ်တပ်က နောက်တစ်ကြိမ် ထပ်မံစီးနင်းဖို့ ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် နေရပ်မပြန်ရဲသူတွေလည်း ရှိနေပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...