ပထမအကြိမ် အာရက္ခလောင်ပေါ်၏ ကံထူးရှင်များထွက်ပေါ်လာ

ပထမအကြိမ် အာရက္ခလောင်ပေါ်၏ ကံထူးရှင်များထွက်ပေါ်လာ

ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့် ပထမအကြိမ် အာရက္ခလောင်ပေါ် (ခ) အာရက္ခထီဖွင့်ပွဲကို ယနေ့ နေ့လယ်တွင် ရခိုင်ရိုးရာအကအလှများဖြင့် ကျင်းပခဲ့ရာ ကံထူးရှင်များထွက်ပေါ်လာပြီဖြစ်သည်။

အမြင့်ဆုံးဆုဖြစ်သည့် သိန်း ၅၀၀ ဆုရှင်မှာ ကျောက်တော်မြို့မှ ဒေါ်မသန်းယီ ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ပထမဆု ကျပ်သိန်း ၅၀၀ ပေါက်မဲနံပါတ်မှာ ၃၂၃၆၉၂ ဖြစ်ပြီး ဒေါ်မသန်းယီသည် လောင်ပေါ်လက်မှတ် နှစ်စောင်ဝယ်ယူထားသည့်အနက် တစ်စောင်က ပထမဆု ကံထူးခဲ့ခြင်းဖြစ်သည်။

ဒုတိယဆုဖြစ်သည့် ကျပ်သိန်း ၃၀၀ ဆု၏ ပေါက်မဲနံပါတ်မှာ ၁၁၆၄၈၂ ဖြစ်ပြီး မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ဦးနေဝင်းထွေးက ကံထူးခဲ့ကြောင်း သိရသည်။

တတိယဆု ကျပ်သိန်း ၂၀၀ ဆု၏ ပေါက်မဲနံပါတ်မှာ ၀၇၉၆၄၅ ဖြစ်သည်။

ထို့ပြင် သိန်း ၅၀ ဆု ပေါက်မဲနံပါတ်များမှာ ၃၃၁၀၀၄၊ ၁၆၈၄၄၇၊ ၂၂၀၅၃၈၊ ၁၁၀၀၃၆၊ ၂၉၂၆၇၈ နှင့် ၁၆၅၅၅၅ တို့ဖြစ်ကြောင်း ကြေညာထားသည်။

တာဝန်ရှိသူများက ကံစမ်းမဲဖွင့်လှစ်ခြင်းကို သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး၊ ကံထူးရှင်များအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ဆုငွေများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

အာရက္ခလောင်ပေါ် (ခ) အာရက္ခထီကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ရောင်းချလျက်ရှိပြီး တရားမဝင် လောင်းကစားလုပ်ငန်းများကို လျော့နည်းစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေများ ရှာဖွေစုဆောင်းနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထီတစ်စောင်လျှင် ကျပ်တစ်ထောင်နှုန်းသတ်မှတ်ထားပြီး ထီဖွင့်ပွဲကို လစဉ် လဆန်း(၁)ရက်တွင် ဖွင့်လှစ်သွားမည်ဟု ကြေညာထားသည်။

Most read this week

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...