ထန်တလန်မှာ စစ်တပ်နဲ့ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်က သေဆုံးမှုရှိ

ထန်တလန်မှာ စစ်တပ်နဲ့ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်က သေဆုံးမှုရှိ

- ချင်းပြည်နယ် ဟားခါးမြို့ကနေ ထန်တလန်မြို့ကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀ ကျော်နဲ့ ထပ်မံဝင်ရောက်လာပြီးနောက်မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အနည်းဆုံး ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ CDF-Thantlang က ပြောပါတယ်။ 

- ချင်းပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်တောင်ပိုင်း မင်းတပ်မြိုနဲ့ မြို့ရဲ့အရှေ့ဘက်ခြမ်းနေရာတွေကို နှစ်ပတ်တာအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၇၀ ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

- အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC က သူတို့အဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး တီးတိန်မြို့နယ် သွီထန်းကျေးရွာက လူငယ်တစ်ဦးကို ဖမ်းဆီးကာ သေဒဏ်စီရင်လိုက်တယ်လို့ ZRA-EC က ဆိုပါတယ်။

August 20, 2026
- ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ...
August 19, 2026
- ကချင်ပြည်နယ်အတွင်းက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ခေါင်လန်းဖူးနယ်မြေတွေဟာ...
August 19, 2026
- မြဝတီမြို့တောင်ပိုင်းက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေအတွင်း...
August 18, 2026
- လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ အခုနှစ်အတွင်း လူ ၁၀ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက်...