စစ်ရှောင်စာသင်ကျောင်းမှာ မူကြိုကျောင်းဖွင့်လှစ်နိုင်ဖို့ တောင်းဆို

စစ်ရှောင်စာသင်ကျောင်းမှာ မူကြိုကျောင်းဖွင့်လှစ်နိုင်ဖို့ တောင်းဆို

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ စစ်ရှောင်စခန်းတနေရာက စာသင်ကျောင်းမှာ မူကြိုကျောင်းပါ တွဲပြီးဖွင့်လှစ်ပေးဖို့ ကလေးမိဘတွေ တောင်းဆိုထားပြီး စေတနာ့ဝန်ထမ်း(မူကြိုကျောင်းဆရာမ) လိုအပ်နေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ခံဆီကနေ သိရပါတယ်။

"ကလေးမိဘတွေကတော့ ဖွင့်ပေးဖို့ပေါ့နော် ပြောကြတယ်။ ဒါပေမယ့် လောဆယ်ထိတော့ ဆရာမ ရှာမတွေ့သေး၊ မရှိနိုင်သေးတော့ မဖွင့်နိုင်ပေးသေးဘူး။ နှစ်စဥ်လုပ်ဖူးတဲ့ဆရာမတွေလည်း သူတို့အခြေအနေတွေကြောင့်လည်းဖြစ်မှာပေါ့ ပြန်မလုပ်ပေးနိုင်သေးတာ။လုပ်ပေးနိုင်မယ့်သူ မတွေ့သေးတာရယ်။"လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာတော့ အသက် ၅ နှစ်အောက် မူကြိုကလေးအရွယ် (၂၀) ဝန်းကျင်ရှိတာကြောင့် မူကြိုကျောင်းထားရှိပေးဖို့ မိဘတွေက တောင်းဆိုကြတာဖြစ်ပါတယ်။

"ကလေးကို ကျောင်းတက်စေချင်တာပေါ့နော်။ ကိုယ်တိုင်ထိန်းရတာထက်ပေါ့။ ကျောင်းတက်ရရင်တော့ မိဘအနေနဲ့လည်း အလုပ်တဖက် လုပ်နိုင်သွားမယ်။ ကလေးလည်း အများနဲ့နေတော့ အစစအရာရာ သူတို့အတွက် ပိုကောင်းစေတာပေါ့။" လို့ ကလေးမိဘတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စာသင်ကျောင်းမှာ ယခု ပညာသင်နှစ်အတွက် Grade-1 ကနေ Grade - 12 အတန်းထိ ဖွင့်လှစ်ထားပြီး ကျောင်းသား စုစုပေါင်း ၂၀၀ ကျော် တက်ရောက်နေပါတယ်။ တဖက်မှာလည်း မူကြိုကျောင်းနဲ့ KG တန်းကိုပါ ဆက်လက်ဖွင့်လှစ်ဖို့ လူ့အရင်းအမြစ်လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...