ကလေးမြို့မှာ ဆိုက်တွဲမောင်းအမျိုးသား ၁ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွား

ကလေးမြို့မှာ ဆိုက်တွဲမောင်းအမျိုးသား ၁ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ  ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အမှတ် (၇) ကျောင်းကို အတန်းတင်စာမေးပွဲအတွက် ကျောင်းသား (၄) ဦးကို ပို့ဆောင်ပေးတဲ့ ဆိုက်တွဲမောင်း အမျိုးသားကိုပါမချန် စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့က ကျောင်းနဲ့ ဝေးနေတဲ့သူတွေကို အတန်းတင်အတွက် ဝင်ခွင့်စာမေးပွဲဖြကြတာရှိတယ်။ အဲဒီမှာ ကလေးတွေကို လိုက်ပို့တဲ့ ဆိုက်တွဲသမားကိုဖမ်းသွားတယ်။ အခြေနေတော်တော်ဆိုးတယ်။ ကျောင်းသားတွေတော့မပါဘူး။ ကျောင်းသားတွေက ဒီတိုင်းကျန်သွားတာ။ အခုက ကျောင်းနဲ့ဝေးကွာနေတဲ့ ကျောင်းသားတွေအတွက် အတန်းတင်စာမေးပွဲပေါ့” လို့ပြောပါတယ်။

ကလေးမြို့နယ်အတွင်းမှာရှိတဲ့ လက်ပံချောင်း၊ နတ်မြောင်း လို ကလေးမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ကျောင်းနဲ့ဝေးကွာနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အသက်အရွယ်အလိုက် အတန်းတင် စာမေးပွဲလာဖြေဆိုနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဟာ ကလေးမြို့ပေါ် ရပ်ကွက်နေရာအနှံ့မှာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေကို ဖမ်းဆီးတာတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...