ပွင့်ဖြူမှာ ဒေသခံတွေကို ပျူစောထီးတွေ ဆက်တိုက်သတ်ဖြတ်နေ

ပွင့်ဖြူမှာ ဒေသခံတွေကို ပျူစောထီးတွေ ဆက်တိုက်သတ်ဖြတ်နေ

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက ဒေသခံတွေကို သတ်ဖြတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းနဲ့ ဇွန် ၂ ရက်နေ့တွေမှာ သမန်းရင်းနဲ့ မုန်းဇလဲကျေးရွာက ပြည်သူတွေ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

"အဓိကကတော့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းကနေ ပြေးသွားတဲ့ ရဲဘော်ကဖော်တာလို့ သိရတယ်။ ဖမ်းဆီးခံရတာတွေ ရှိတယ်။ အခုက အသတ်ခံရတာ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်မှာ သမန်းရင်းကျေးရွာက အသက် ၅၀ ဝန်းကျင် ဦးဌေးအောင်ကို သူနေထိုင်တဲ့ တောတွင်းက တဲမှာ ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေက လာရောက်သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

ဇွန် ၂ ရက် မနက် ၅ နာရီဝန်းကျင်ကလည်း မုန်းဇလဲကျေးရွာက အသက် ၅၅ ဝန်းကျင် ဦးအောင်ကျော်ဦးကို PDF နဲ့ ဆက်သွယ်လို့ဆိုပြီး ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းနဲ့ အဆက်သွယ်ရှိသူတွေလို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း တပ်ပြေးရဲဘော်က ဖော်လို့ ထောက်ပို့လို့ ယူဆရတဲ့ ပြည်သူ ၇ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...