လမိုင်းမှာ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် အစစ်ဆေးကြမ်းနေ

လမိုင်းမှာ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် အစစ်ဆေးကြမ်းနေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ပေါ်မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းရာကျော် ပစ်သတ်ခံရပြီးနောက် အစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က လမိုင်းမြို့ပေါ်မှာ တပည့်တွေနဲ့အတူ အသုပ်လာဝယ်တဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းရာကျော်ကို ရေးဘီလူးအဖွဲ့က သေနတ်နဲ့ အနီးကပ် ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဟာ မေ ၁၂ ရက်နေ့ကစလို့ လမိုင်းမြို့အဝင်အထွက်၊ ကော့ကဒွတ်ကျေးရွာအဆင်းလမ်းနဲ့ မြို့တွင်းမှာ ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်ဆေးခံရသူတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ လမ်းသွားလမ်းလာ ကား၊ဆိုင်ကယ်တွေကို အသေးစိတ် စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး သွားရောက်မယ့် နေရာတွေကအစ မေးမြန်းတာတွေ ရှိနေပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ သွားရေးလာရေး အခက်ကြုံနေရသလို လူငယ်အများစုကလည်း စစ်မှုထမ်း ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေကြပါတယ်။

ပစ်သတ်ခံရတဲ့ ဗိုလ်မှူး ထွန်းရာကျော်ဟာ ဒုတိယဗိုလ်မှူးကြီး ရာထူးတိုးပြီး ရေးကနေ တာချီလိတ်ကို တပ်ရင်းမှူးအနေနဲ့ မေ ၁၅ ရက်နေ့မှာ ပြောင်းရွှေ့ရမယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဗိုလ်မှူး ထွန်းရာကျော် ပစ်သတ်ခံရမှုဟာ ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်တပ်မှာ ဒုတပ်ရင်းမှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ပထမဆုံးအကြိမ် လုပ်ကြံသတ်ဖြတ်ခံရမှုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...