လွတ်ငြိမ်းခွင့်ပေးရာမှာ လွိုင်ကော်ထောင်က ပါဝင်ခြင်း ရှိ ၊ မရှိ စိစစ်နေဟုဆို

လွတ်ငြိမ်းခွင့်ပေးရာမှာ လွိုင်ကော်ထောင်က ပါဝင်ခြင်း ရှိ ၊ မရှိ စိစစ်နေဟုဆို
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )

ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေ စုစုပေါင်း ( ၁၅၀၈ ) ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်အစိုးရက ဧပြီလ ၃၀ ရက် မှာ ထုတ်ပြန်ပါတယ်။

ပြည်သူလူထုတွေ စိတ်အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်စေရန် ရည်ရွယ်ပြီး လွတ်ငြိမ်းခွင့်ပေးတာလို့ ဆိုပါတယ်။ 

စစ်အစိုးရက လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဥ်းသားတွေထဲ ကရင်နီပြည် လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ ပါဝင်ခြင်းရှိ ၊ မရှိကိုတော့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) ရဲ့တာဝန်ရှိသူတစ်ဦးကို ကန္တာရဝတီတိုင်း ( မ် ) က ဆက်သွယ်မေးမြန်းရာ စုံစမ်းနေဆဲဖြစ်တယ်လို့ အကြောင်းပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့၊ တောင်သူလယ်သမားနေ့မှာ အကျဥ်းသား ၁ သောင်းကျော်ကို စစ်အစိုးရက လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသား ( ၁၁၀ ) ဦး ပါဝင်ခဲ့ပါတယ်။

လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား၊ အကျဉ်းသူ ( ၁၅၀၈) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင်  အဲ့ဒီ ပြစ်ဒဏ်အပြင် လက်ရှိကျခံဖို့  ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဥ်းထောင်အသီးသီးမှာရှိတဲ့ အကျဥ်းသား၊ အကျဥ်းသူတွေကို ကျခံရန် ကျန်ရှိနေတဲ့ ပြစ်ဒဏ်ရဲ့  ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း နဲ့ လွတ်ငြိမ်းမှာ အကျဥ်းကျနေတဲ့ နိုင်ငံခြားသား (၁၁)ဦးကိုလည်း ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်အစိုးရက ပြောပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...