ငပလီမြို့ တွင် စစ်အုပ်စုမိသားစုပိုင်ဟိုတယ်များကို ဗုံးကြဲမှုမရှိ

ငပလီမြို့ တွင် စစ်အုပ်စုမိသားစုပိုင်ဟိုတယ်များကို ဗုံးကြဲမှုမရှိ

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် လေယာဉ်များဖြင့် နှစ်ရက် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်သော်လည်းစစ်အုပ်စုမိသားစုပိုင် ဟိုတယ်များအားဗုံးကြဲခြင်း မရှိကြောင်း သတင်းရရှိသည်။

သံတွဲဒေသခံအမျိုးသားတစ်ယောက်က " ဧပြီ၂၃ရက်နေ့ကနေ့လယ်၁နာရီကပင်၂နာရီခွဲထိဂျက်၆စီးY12နှစ်စီးနဲ့တခါတည်းလာချနေတာပါ။ဧပြီ၂၄ရက်နေ့ကလည်းထပ်ဗုံးကြဲပါတယ်။တကယ့်ကိုဒေသခံတွေကိုမျိုးတုန်းအောင်လာသတ်တာပါ။သူတို့ကစစ်တပ်ကပိုင်တဲ့ဟိုတယ်အနားတောင်ကပ်ပြီးမပျံပါ။ဗုံးလည်းမချပါ။အရပ်သားနေတဲ့နေရာတွေကိုဗုံးကြဲနေတာပါ” ဟုနိရဉ္စရာသို့ပြောဆိုသည်။

ဗုံးကြဲမှုလုံး၀မလုပ်ရဲသောဟိုတယ်များမှာ စစ်ဗိုလ်ချုပ်မိသားစုဝင်များပိုင်ဆိုင်သောဟိုတယ်များမှာ အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားဦးသန့်ဇော်ရွှေ (သို့မဟုတ်) ဦးထွန်းနိုင်ရွှေပိုင်ဆိုင်သည့်Thande Beach Hotel  (သံတဲကမ်းခြေဟိုတယ်)၊ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေး၏သမီးဖြစ်သူဒေါ်နန္ဒာအေးပိုင်ဆိုင်သည့်Prostine Mermaid Ngapali ၊ယခင်ကခရိုနီဦးဇော်ဇော်ပိုင်ဆိုင်ခဲ့သောMax Hotelနောက်ပိုင်းတွင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏သားဦးအောင်ပြည့်စုံပိုင်ဆိုင်သည့်Ananta Hotel၊ရုပ်ရှင်မင်းသားကြီးကော်လိပ်ဂျင်နေဝင်း၏သမီးဒေါ်သန္တာနေဝင်းပိုင်ဆိုင်ပြီးဒေသခံပြည်သူများထံကသိမ်းပိုက်ပြီးစစ်တပ်ထံမှငှားရမ်းထားသောမြေပေါ်တွင်တည်ရှိသည့်Ngapali Bay Villas & Spa တို့ဖြစ်ကြသည်။

စစ်အုပ်စုနှင့်နီးစပ်သည့်ခရိုနီများပိုင်ဆိုင်သောဟိုတယ်များမှားစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်နီးစပ်သူဦးအောင်မျိုးမင်းဒင်ပိုင်ဆိုင်ပြီးစစ်တပ်ကသိမ်းယူထားသောမြေပေါ်တွင်BOT စနစ်ဖြင့်ငှားရမ်းဖွင့်လှစ်ထားသည့်Amazing Ngapali Resort ၊စစ်အုပ်စုထံစစ်လက်နက်ပစ္စည်းများဝယ်ယူပေးနေ၍အရေးယူပိတ်ဆို့ခံထားရသူဦးတေဇပိုင်ဆိုင်သည့်Aureum Palace Hotel &Resort Ngapali၊  ဦးချစ်ခိုင် (Eden Group) ပိုင်ဆိုင်သည့် Hilton Ngapali Resort၊ ဦးမြဟန် (Fortune Group) ပိုင်ဆိုင်သည့်Hotel At the Rock၊မင်းဇာနည်အုပ်စုပိုင်ဆိုင်သည့်Merciel Retreat & Resort၊: ဦးဝင်းအောင် (AMATA Hotel တို့ဖြစ်ကြသည်။

ဧပြီလ၂၄ရက်နေ့လယ်၂နာရီကနေ၂နာရီခွဲအထိသံတွဲ၊ငပလီအနီးပတ်ဝန်းကျင်ကိုဂျက်ဖိုက်တာ၅စီး၊Y12 လေယာဥ်များဗုံးကြဲတိုက်ခိုက်မှုအကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။  

ဧပြီ၂၃ရက်ညနေ၃နာရီကျော်ကသံတွဲမြို့နယ်၊ငပလီမြို့ကိုစစ်အာဏာရှင်တပ်ကဂျက်တိုက်လေယာဉ်၃စင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးငပလီမြို့၊ဇီးဖြူကုန်းရပ်ကွက်နှင့်မီးပွိုင့်လမ်းဆုံတို့တွင်ဗုံးတစ်လုံးစီကျရောက်ပေါက်ကွဲခဲ့သည်။

ပြီးခဲ့သည့်ဧပြီလ၁ရက်၊မွန်းတည့်၁၂နာရီခန့်ကလည်းသံတွဲမြို့နှင့်ငပလီမြို့တို့ကိုအကြမ်းဖက်စစ်လေတပ်ကY-12 တစ်စီး၊ဂျက်တိုက်လေယာဉ်လေးစီးဖြင့်ဗုံးကြဲခဲ့သည်ဟုသိရသည်။

အကြမ်းဖက်မြန်မာ စစ်တပ်က လေကြောင်းအုပ်စုလိုက် ရက်ဆင့် တိုက်ခိုက်မူကြောင့် သံတွဲ၊ငပလီ မြို့မှရာနှင့်ချီရှိသောမိသားစုဝင်များမှာ ထပ်မံ စစ်ဘေးရှောင်နေကြရသည်ဟုသိရသည်။

July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...
July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...