ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတဲ့စစ်တပ် ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာကိုရောက်ရှိ

ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတဲ့စစ်တပ် ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာကိုရောက်ရှိ

- ချင်းအမျိုးသားတပ်ဦး(CNF)အပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ EAOs အဖွဲ့တွေကို ဇူလိုင်လ ၃၁ ရက်နေ့မတိုင်ခင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ရဲ့ဖိတ်ခေါ်မှုကို CNF က ငြင်းပယ်လိုက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ -SCEF ရဲ့ ရပ်တည်ချက်အတိုင်း ဆက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။  

- ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA)ခေါင်းဆောင်တွေနဲ့ ULA/AA ခေါင်းဆောင်တွေ တွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေးအပြင် ကုန်သွယ်စီးပွားကဏ္ဍတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ CPU/CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။ 

- ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်က ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ဗာရ်းတံတားအကျော်ကို ရောက်ရှိလာတဲ့သတင်းတွေနဲ့အတူ တခြားသော စိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေးသွားပါမယ်။ 

September 14, 2026
- စစ်အုပ်စုက ‘၄၉၂၆ စစ်ဆင်ရေး’ ဆိုတဲ့ နာမည်နဲ့ နေရာ ၅ ခုထက်မနည်းကနေ အပြင်းအထန် ထိုးစစ်ဆင်နေပေမဲ့...
September 14, 2026
- မွန်လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာပါဝင်မှုမရှိစေရေးအတွက် စစ်အုပ်စုက မူးယစ်ဆေးဝါးနဲ့...
September 13, 2026
- အာရက္ခပြည်က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဟာ မိဘတွေမသိဘဲ ဘာကြောင့် AA ဆီ ဝင်ရောက်လိုကြတာလဲ...
September 12, 2026
- လမ်းပျက်စီးမှု ဆိုးဝါးနေတဲ့ မော်လမြိုင်မှာ ပြုပြင်မယ့်အစီအစဉ်မရှိဘဲ စစ်အစိုးရက...