လားရှိုးမြို့အဝင်ရှိ စစ်တပ် ခလရ-(၄၁) ထဲ ရှော့တိုက်ဒုံးပစ်ခံရ

လားရှိုးမြို့အဝင်ရှိ စစ်တပ် ခလရ-(၄၁) ထဲ ရှော့တိုက်ဒုံးပစ်ခံရ
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်

စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၂၂ ရက် နေ့လယ် ၂ နာရီကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် မြို့ဝင်ဆိုင်းဘုတ်အနီး တည်ရှိသော စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ဝင်းထဲ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“အသံအကျယ်ကြီး ကြားတော့ အဲ့တုန်းက လန့်သွားသေးတယ်၊ နောက်မှ ၄၁ တပ်ရင်းထဲ ရှော့တိုက်ဒုံး ပစ်ခံရမှန်း သိတာ။ အဝေးပြေးကားကွင်းဘက်ကနေ မီးခိုးတောင် လှမ်းမြင်ရတယ်” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်ဘက်က ထိန်းချုပ်ထားပြီး မြို့ပြင်ရှိ ကျေးရွာအုပ်စု အများစုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

အလားတူ ဖေဖော်ဝါရီလ (၇) ရက်တွင်လည်း လားရှိုးမြို့ပေါ် ရပ်ကွက်(၁၁) ရှိ လူမနေသည့် နေအိမ်သို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လားရှိုးမြို့အနီးတဝိုက် တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို ထိုစဉ်က မြို့ခံအချို့ စိုးရိမ်ခဲ့ကြသည်။

အတုအယောင် ရွေးကောက်ပွဲမှတဆင့် စစ်ကော်မရှင်အသွင်ပြောင်း စစ်အစိုးရ ဖြစ်လာပြီးနောက် ပိုးလမ်းမစီမံကိန်း BRI တစိတ်တပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရေး တရုတ်ကိုယ်စားလှယ်များမှ စစ်တပ်အပါအဝင် UWSA ၊ MNDAA ၊ SSPP/SSA မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် သင်္ကြန်ကာလအတွင်း လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...