ဖားကန့်- နန်ယား- ကာမိုင်းလမ်းကို KIA က ရက်အကန့်အသတ်မရှိပိတ်

ဖားကန့်- နန်ယား- ကာမိုင်းလမ်းကို KIA က ရက်အကန့်အသတ်မရှိပိတ်

ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ကနေ ဖားကန့်- နန်ယား- ကာမိုင်းလမ်းကို ဧပြီလ ၂၂ ရက်နေ့က စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ စာထုတ်ပြန်ပါတယ်။

အဲဒီစာကို KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) ကနေ ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်နဲ့ ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလှုပ်ရှားလာလို့မရအာင် လမ်းပိတ်ထားတာ ဖြစ်တယ်လို့ သုံးသပ်မိကြောင်း KIA နဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“KIA တွေ လမ်းပိတ်တာက စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးတက်လာတာတွေကြောင့် တက်လာလို့မရအောင် လမ်းပိတ်ထားမှာမို့လို့ပါ။"လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေတွေကြောင့် ဖားကန့်၊နန့်ယား၊ ကားမိုင်လမ်းပိုင်းကြီးကို အများပြည်သူခရီးသွားလာခြင်း၊ ယာဉ်ကြီးယာဉ်ငယ်တွေ ဖြတ်သန်းသွားလာခြင်းကို ရက်အကန့်အသတ်မရှိ(ယာယီ) ပိတ်ပင်လိုက်တယ်လို့ ထုတ်ပြန်ကြေညာထားတာလည်း ဖြစ်ပါတယ်။

အခုလို ဖားကန့်လမ်းပိတ်မယ်ဆိုတဲ့သတင်းကြောင့် ဒေသခံပြည်သူတွေဟာ ခရီးမသွားရမှာ၊ ကုန်စည်တွေမဝင်မှာနဲ့ အခြားအကြောင်းအမျိုးမျိုးအတွက် စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

“ မနက်ဖြန်တော့ ကားတက်တာဆင်းတာမရှိလောက်ဘူး။ ဒီနေ့တော့ ကားအတက်အဆင်းတွေရှိတယ်၊ လမ်းပိတ်မယ်ဆိုလို့ ဒေသခံတွေ အကုန်လုံးက စိုးရိမ်နေကြတယ်။”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဟာ ဖားကန့်ဒေသဘက် စစ်ကြောင်းထိုး စစ်ကူတက်လာကြတာ ဖြစ်ပါတယ်။

ဧပြီလ ၂ ရက်နေ့ကတော့ KIA/KPDF ပူးပေါင်းတပ်တွေက အင်မားယန်ကျေးရွာက စစ်တပ်ရဲ့ ကာကင်းစခန်းတချို့ကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ကြား တဖန် တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ပါတယ်။

Most read this week

August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...
August 21, 2026
ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် အဖိုးအဖွားများနှင့်...
August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...