ရေဖြူက မင်္ဂလာပွဲတစ်ခုကို စစ်တပ်ဝင်စီးပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးသွား

ရေဖြူက မင်္ဂလာပွဲတစ်ခုကို စစ်တပ်ဝင်စီးပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးသွား

တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၀ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က ထားဝယ်အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ထိန်ကြီးကျေးရွာ မင်္ဂလာပွဲကျင်းပနေတဲ့ နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့တာပါ။

အဲဒီမင်္ဂလာဆောင်ဟာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးရဲ့ မင်္ဂလာဆောင်ဖြစ်ပြီး ဒလန်သတင်းပေးမှုကြောင့် စစ်ကော်မရှင်တပ်က လာရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစီးနင်းမှုအတွင်း သတို့သားနဲ့ သတို့သမီးတို့နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မင်္ဂလာပွဲမှာ ကျန်နေတဲ့ သတို့သားအမေအပါအဝင် အရပ်သား ပြည်သူ ၂၀ ထက်မနည်းကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်္ဂလာဆောင် ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ ထိန်ကြီးကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး အရပ်သားပြည်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးထားကာ မနေ့ကအထိ ပြန်မလွတ်ပေးသေးဘူးလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကစလို့ ရေနက်ဆိပ်ကမ်းစီမံကိန်းစခန်းကနေ ထွက်လာပြီး ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသထဲကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - Social Media

Most read this week

ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...