ဖလမ်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ နေအိမ်အမြောက်အများ ပျက်စီး

ဖလမ်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ နေအိမ်အမြောက်အများ ပျက်စီး

ဖလမ်း - ဟားခါး လမ်းမဘေးမှာတည်ရှိတဲ့ ဖလမ်းမြို့နယ် Tlangzar ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၈ ရက်နေ့မှာ တစ်ရက်ထဲ ၂ ကြိမ်တိုင်တိုင် အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနေအိမ်တွေ အမြောက်အများထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

အဲဒီနေ့ မနက်အစောပိုင်း ၃ နာရီခွဲဝန်းကျင်လောက်မှာ Tlangzar ကျေးရွာကို ၂ ကြိမ် နဲ့ Laiva ရအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၁ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ ဒုတိယအကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “ လေကြောင်းတိုက်ခိုက်မှုအတွင်း Tlangzar ရွာက ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးတယ်လို့သိရတယ် ဒေသခံတွေကတော့ ဘေးကင်းတယ်လို့ ကြားတယ် နေအိမ်  အထိအခိုက် အပျက်စီးတော့ ကျနော်အနေနဲ့ အတိအကျတော့ မသိဘူး” လို့ပြောပါတယ်။

မနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း Tlangzar ကျေးရွာက အရပ်သားနေအိမ် ၆ လုံးခန့် ပျက်စီးခဲ့ပြီး နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုအတွင်း Tlangzar ကျေးရွာရှိ စာသင်ကြောင်း နဲ့ နီးနားပတ်ဝန်းကျင်က နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရသိရပါတယ်။

ဖလမ်းမြို့နယ် Tlangzar ကျေးရွာမှာ တိုက်ပွဲတစုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ အာဏာသိမ်းစစ်တပ်က အခုလို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...