မြဝတီတိုက်ပွဲမှာ စစ်တပ် လေကြောင်းနဲ့ အပြင်းအထန်ခုခံနေ

မြဝတီတိုက်ပွဲမှာ စစ်တပ် လေကြောင်းနဲ့ အပြင်းအထန်ခုခံနေ

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းနဲ့အပြင်းအထန်ခုခံနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်းလက်ပံနဲ့ ဖလူးဒေသ တိုက်ပွဲဟာ ဧပြီ ၁၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး မွန်းလွဲပိုင်းမှာ စစ်ကော်မရှင်တပ်က မင်းလက်ပံရွာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို မီးလောင်ဗုံးတွေပါ ထပ်မံကြဲချသွားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ မီးလောင်ဗုံးတွေ ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ မင်းလက်ပံကျေးရွာက နေအိမ် ၄ လေးလုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံက ဆိုပါတယ်။

မင်းလက်ပံရွာနဲ့ ဖလူးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ တိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးမှုများပြားခဲ့လို့ လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပြပါတယ်။

စစ်ကော်မရှင်တပ်က မင်းလက်ပံရွာနဲ့ ဖလူးရွာကို သိမ်းပိုက်နိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေတာ လနဲ့ချီရှိနေပြီဖြစ်ပြီး အဲဒီကျေးရွာတွေကို ဒီကနေ့အထိ သိမ်းပိုက်လို့မရသေးတာကြောင့် ကျေးရွာအပေါ်ပစ်မှတ်ထားကာ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ နေ့စဉ်နဲ့အမျှ ပြုလုပ်နေတာပါ။

ဒါ့အပြင် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားက ဝေါ်လေဗျူဟာဘက်မှာလည်း ဧပြီ ၁၇ ရက်ညပိုင်းကနေ ၁၈ ရက် မနက်ပိုင်းအထိ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတာတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သင်္ကြန်ကာလအတွင်းမှာ စစ်ကော်မရှင်တပ်က ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ မြဝတီမြို့နယ်တွေထဲကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်နေခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်မြို့နယ်မှာ အရပ်သား ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် ကောလိပ်စာသင်ကျောင်း၊ အထက်တန်းကျောင်း၊ ဆေးခန်းနဲ့ နေအိမ်တွေ အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...