ဒီးမော့ဆိုအနောက်ခြမ်းမှာ (၂၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ

ဒီးမော့ဆိုအနောက်ခြမ်းမှာ (၂၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ
ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)

ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ စစ်ရှောင်နဲ့ ရွာခံတွေ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် ကယန်းအမျိုးသားနေ့ ကျင်းပတဲ့ အခြေအနေ ကွာခြားပုံကို ကယန်းစာပေနှင့် ယဥ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌနဲ့ ပွဲစီစဥ်ရေး ကော်မတီအဖွဲ့ဝင် ဦးဂျိုးဇက်က ပြောပါတယ်။

“အရင်နဲ့ အခုဆိုတော်တော်ကွာတယ်။ အရင်ကစိုးရိမ်စရာမရှိတော့ စည်စည်ကားကားနဲ့ ကျနော်တို့ကျင်းပနိုင်တယ်။ အခုဆိုရင် စည်စည်ကားကားလည်း သိပ်မလုပ်နိုင်ဘူး။ ဒါက နှစ်စဥ်နှစ်တိုင်းမလုပ်လို့ မဖြစ်ဘူး။ စိုးရိမ်စရာတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က တစ်နှစ်တခါပဲဆိုတော့ ဖြစ်အောင်တော့လုပ်တယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စိုးရိမ်ပူပန်မှုကြားက ကယန်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပနိုင်တဲ့အပေါ် ဝမ်းသာပီတိဖြစ်မိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ကယန်းရဲ့ အမျိုးသားရေးအတွက် ရှေးလူကြီးတွေကလည်း လုပ်လာခဲ့ကြပြီ နောက်လာမယ့် လူငယ်မောင်မယ်တွေလည်း ဆက်လက်ကြိုးစားရမယ်။ ခုခေတ်လူငယ်တွေကလည်း ပညာရေးအပိုင်းမှာ ကျနော်တို့လို မိဘတွေထက် သာပြီးသားဆိုတာ ကျနော်ယုံကြည်တယ်။ ကယန်းအမျိုးသားအရေးအတွက် လူငယ်တွေ ဆက်လက်ကြိုးစားပါလို့ပဲ ကျနော်တိုက်တွန်းချင်တယ်”လို့ သူက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ (၂၆)ကြိမ်မြောက် ကယန်းအမျိုးသားနေ့မှာ အခန်းအနားအစီအစဥ်တွေအပြင် အားကစားပြိုင်ပွဲဲ၊ ရိုးရာအက ပြိုင်ပွဲတွေ ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို စစ်ဘေးရှောင်နဲ့ ဒေသခံ အပါအဝင် လူဦးရေ (၂၀၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားနေ့အခမ်းအနားကို ကယန်းအမျိုးသားတွေ နေထိုင်တဲ့ မြို့နယ် ၊ ကျေးရွာအပြင် ပြင်ပရောက်ရှိနေတဲ့ ကယန်းတိုင်းရင်းသားတွေက မိမိတို့ရောက်ရှိတဲ့အရပ်ဒေသကနေ ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

Most read this week

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...