ဝိုင်းမော်မှာ ဆီပြတ်တောက်ခြင်းမရှိ

ဝိုင်းမော်မှာ ဆီပြတ်တောက်ခြင်းမရှိ

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန် ဝိုင်းမော်မြို့နယ်မှာတော့ စက်သုံးဆီတွေကို အလွယ်တကူပဲဝယ်ယူလို့ရကြောင်း ဒေသခံတွေကပြောဆိုကြပါတယ်။

“ ဆီပြတ်တယ်ဆိုတာ မရှိပါဘူးလူတွေကိုမှ ဝယ်ပုံထားတာ တရုတ်ဘက်ကနေဝင်တယ် ဘောက်ဆာတွေလည်းဝင်နေတာပဲ ဘာမှမဖြစ်ဘူး။ ပုံးတွေဘာတွေနဲ့ တော့မရောင်းပေးဘူးပေါ့ ကားတွေ ဆိုင်ကယ်တွေဆိုရင်တော့ အပြည့်ထည့်ပေးတယ်” လို့ ဝိုင်းမော်မြို့ခံတစ်ဦးကပြောပါတယ်။

တရုတ်နယ်စပ်ကနေ စက်သုံးဆီများဝင်ရောက်မှုကြောင့် စက်သုံးဆီပြတ်လပ်မှုများကို စိုးရိမ်စရာမလိုဘူးလို့ ဆိုကြပါတယ်။

တရုတ်နယ်စပ်ကန်ပိုင်တည်နဲ့ လိုင်ဇာမြို့များကနေ စက်သုံးဆီတင် ဆီဘောက်ဆာကားများ နေ့စဉ် ဝင်ရောက်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ စက်သုံးဆီစျေးနှုန်းတွေကတော့ တစ်လီတာ ကျပ် ၁၃၀၀၀ နဲ့ တန်းစီစရာမလိုဘဲ ဆိုင်တိုင်းနီးပါးမှာ ဝယ်ယူလို့ရနေတာလို့ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီ ၁ လီတာ ကျပ် (၇၀၀၀) နှုန်းဖြင့် အချိန် ၁ နာရီခွဲအတွင်းအကန့်အသတ်တွေနဲ့ ဆီပန့်ဆိုင်တွေက အလှည့်ကျ ရောင်းချပေးမှုတွေလည်းရှိတယ်လို့သိရပါတယ်။

ဝိုင်းမော်မြို့နဲ့ တစ်ဖက်ကမ်းက မြစ်ကြီးနားမြို့ကိုတော့ နယ်စပ်ဒေသကနေ ဝင်ရောက်လာတဲ့ စက်သုံးဆီကားတွေ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသလို ဖမ်းဆီးမှုတွေလည်းရှိတယ်လို့ ပြောကြပါတယ်။

တရုတ်နယ်စပ်ဘက်ကဝင်တဲ့ စက်သုံးဆီတင်ယာဉ်ဘောက်ဆာကားများမှာ ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ကို မရောက်ရှိနိုင်တာကြောင့် ဝိုင်းမော်ကနေ ဆီကဲ့ယူပြီး သယ်သွင်းရတာတွေရှိတယ်လို့ သိရပါတယ်။

“မြစ်ကြီးနားက မဝင်ဘူးလေအောက်ပိုင်းကနေပဲလာတာ။ ဘောက်ဆာတွေ အကုန်လုံးကဝိုင်းမော်မှာပဲ ဆီမပြောနဲ့တရုတ်ဘက်ကလာတဲ့အသီးတွေတောင်မဖြတ်ခိုင်းဘူး ” လို့ မြို့ခံတစ်ဦးကပြောပြပါတယ်။

ရန်ကုန် ၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာတော့ စက်သုံးဆီတွေကို အလှည့်ကျစနစ်အပြင် အကန့်အသတ်တွေနဲ့ ပါ ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။

April 4, 2026
မကွေးတိုင်းဒေသကြီး မြိုင် နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်ဒေသတွေဆီကို မတ်လ ၃၀ ရက်နေ့မှာ NUG...
April 3, 2026
တိုက်ပွဲတွေကြောင့် ၂ နှစ်နီးပါး ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းမဖြစ်တဲ့ အာရှလမ်းမကို...
April 2, 2026
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းနယ်စပ်ဖြစ်တဲ့ ထီးချိုင့်မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးက...
April 1, 2026
နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ဆောင်ရွက်ရမယ့်...