မွန်မှာ စက်သုံးဆီ တရားမဝင်ရောင်းချမှုနဲ့ ဆီဆိုင် လေးဆိုင် အရေးယူခံရ

မွန်မှာ စက်သုံးဆီ တရားမဝင်ရောင်းချမှုနဲ့ ဆီဆိုင် လေးဆိုင် အရေးယူခံရ

မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့် စက်သုံးဆီအရောင်းဆိုင် လေးဆိုင်ကို အရေးယူထားတယ်လို့ စစ်ကော်မရှင်ဘက်က မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

စက်သုံးဆီ ဝယ်ယူမှုတွေနဲ့ ပတ်သက်ပြီး Call Center သို့ သတင်းပေးပို့ တိုင်ကြားလာတဲ့အတွက် နိုင်ငံတဝန်းက စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို အရေးယူထားပြီး အဲဒီမှာ မွန်ပြည်နယ်က စက်သုံးဆီ အရောင်းဆိုင် လေးဆိုင် ပါဝင်ပါတယ်။

အရေးယူခံထားရတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေဟာ မော်လမြိုင် ဈေးကြိုရပ်ကွက်က “စွမ်းမြန်မာ” ၊ ညောင်ပင်ဆိပ်ရပ်ကွက်က “Parent Love 1” ၊ ကျိုက်မရောမြို့နယ်က “Puma Power” ၊ ပေါင်မြို့နယ်က “မင်းသန့် ၉ ” စက်သုံးဆီအရောင်းဆိုင်တို့ ဖြစ်ပါတယ်။

အရေးယူခံရတဲ့ စက်သုံးဆီအရောင်းဆိုင်တွေဟာ ဈေးတင်ရောင်းချတာ၊ တရားမဝင် စက်သုံးဆီရောင်းချတာ၊ ဆိုင်ပိတ်ထားတာ၊ Scan မဖတ်ဘဲ စက်သုံးဆီ ရောင်းချမှုတွေ ကျူးလွန်ခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ဆိုထားပါတယ်။

ဒါ့အပြင် Bar Code ၊ QR Code တွေနဲ့ Scan ဖတ်တာ မပြုလုပ်ဘဲ ရောင်းချနေတဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့နယ်တို့က ၂၄ ဆိုင်ကိုလည်း ပြင်းထန်စွာ သတိပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျန်တဲ့ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့လည်း ညွှန်ကြားချက်တွေ လိုက်နာမှု မရှိကြောင်း ထပ်မံစိစစ်တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်ဘက်က သတိပေးထုတ်ပြန်ထားပါတယ်။

Most read this week

သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...