ပလက်ဝ ဗုံးကြဲခံရမှု အရပ်သား ၇ ဦးသေဆုံးကြောင်း AA ထုတ်ပြန်

ပလက်ဝ ဗုံးကြဲခံရမှု အရပ်သား ၇ ဦးသေဆုံးကြောင်း AA ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို မတ်လ ၂၉ ရက်က စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ကလေးအပါ အရပ်သား ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားကြောင်း ပလက်ဝမြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)က မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါကျေးရွာအနီး မည်သည့်တိုက်ပွဲမှလည်းမရှိဘဲ အဆိုပါကျေးရွာကို စစ်ကော်မရှင်လေတပ်က မတ်လ (၂၉) ရက်နေ့၊ ညနေ (၄) နာရီ (၀၅) မိနစ်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်၊ ရော့ကတ်ဖြင့်တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကြောင်ချောင်းကျေးရွာမှ အသက် (၁၆) နှစ်အောက် ကလေး (၄) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၇) ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ကလေးငယ် ၂ ဦးအပါအဝင် (၄) ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ သေဆုံးခဲ့ရသော သူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်”လို့ ULA/AAက ထုတ်ပြန်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသော ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ ULA/AA က ထုတ်ပြန်ပါတယ်။

(Photo – AA Infor Desk)

May 30, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်မှာ လူမရှိနေအိမ်တွေကို မသမာသူလူတစ်စုက...
May 29, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှာ ယာယီဖွင့်လှစ်ထားရတဲ့...
May 26, 2026
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ တောင်ပိုင်းက ဒေသခံပြည်သူတွေအနေဖြင့်...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...