တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ဒေသခံ တစ်သိန်းနီးပါး စစ်ရှောင်နေရ

တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ဒေသခံ တစ်သိန်းနီးပါး စစ်ရှောင်နေရ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့် တနင်္သာရီတိုင်းမှာ ဒေသခံ တစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈၉၇၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

ဒါအပြင် စစ်ကော်မရှင်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ချိန် အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာအပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်ရသူတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

သရက်ချောင်းမြို့နယ်တခုတည်းမှာပဲ စစ်ကော်မရှင်တပ်ရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၂၀ က ဒေသခံ ၁၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

မြိတ်ခရိုင်အတွင်းရှိ ပုလော၊ မြိတ်၊ ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်မှာလည်း နှစ်ဖက်တပ်တွေရဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၅၂၇၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ဖြတ်သန်းခွင့်ပိတ်ထားသလို ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ထားတာကြောင့် ဒေသတွင်း စာနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကုန်းဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၈၅၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...