ဘုရားသုံးဆူမှာ ကျားဖြန့်အဆောက်အဦသစ်တွေ ထပ်မံဆောက်လုပ်နေ

ဘုရားသုံးဆူမှာ ကျားဖြန့်အဆောက်အဦသစ်တွေ ထပ်မံဆောက်လုပ်နေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်အဆောက်အဦသစ်တွေ ထပ်မံတိုးချဲ့ဆောက်လုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းကစလို့ ဘုရားသုံးမြို့အနီးရှိ ထီးလောင်ယူးရေတံခွန်သွားတဲ့ လမ်းပိုင်းက ကော်ဖီခြံဝင်းအတွင်းမှာ ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အဦသစ်တွေ ထပ်မံဆောက်လုပ်နေတာပါ။

အဲဒီကော်ဖီခြံဟာ ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူးကြီး စောအေဝမ်းပိုင်ဆိုင်ကာ ဧက ၇၀၀ ကျော် ကျယ်ဝန်းပြီး ထီးလောင်ယူးရေတံခွန်သွားတဲ့ လမ်းပိုင်းရှိ တောင်ခြေအနီးမှာ ရှိတာ ဖြစ်ပါတယ်။

လက်ရှိ အဲဒီကော်ဖီခြံမှာ ကျားဖြန့်လုပ်ငန်းအတွက် ရာနဲ့ချီတဲ့ အဆောက်အဦသစ်တွေကို အလုပ်သမားဦးရေ ၁၀၀၀ ကျော်နဲ့ ထပ်မံဆောက်လုပ်နေပြီး ဗိုလ်မှူးစောအေဝမ်းက ၅ နှစ် စီမံကိန်းနဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရင်က ချောင်းဆုံသဘာဝ အပန်းဖြေရေတံခွန်နဲ့ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်ရှိ ကြိမ်းချောင်းကျေးရွာက တောင်ခြေတွေမှာ အဆောက်အဦးတွေ ဆောက်လုပ်ပြီး ကျားဖြန့်လုပ်ငန်း လည်ပတ်နေရာမှ သတင်းပေါက်ကြားသွားတာကြောင့် နေရာအသစ် ထပ်မံပြောင်းရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လက်ရှိ ဘုရားသုံးဆူမြို့နဲ့ အနီးတဝိုက်မှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေဟာ DKBA ရဲ့ အကူအညီနဲ့ ရောက်ရှိနေတာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွေကိုလည်း DKBA က ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း မြဝတီနယ်စပ်ရှိ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျာဖြန့်အဆောက်အဦးတွေကို နိုင်ငံတကာနဲ့တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် ပိတ်သိမ်းဖျက်ဆီးခံရပြီးနောက် ဖလူးဒေသနဲ့ ဘုရားသုံးဆူဒေသဘက်ကို ပြောင်းရွှေ့ အခြေစိုက်ကာ ဆက်လက်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...