ကရင်နီကနေ ထိုင်းနိုင်ငံဖက်ကို တင်ပို့ရောင်းချတဲ့ စိုက်ပျိုးထုတ်ကုန်တွေထဲ နှမ်းတမျိုးသာ ရှိဟုဆို

ကရင်နီကနေ ထိုင်းနိုင်ငံဖက်ကို တင်ပို့ရောင်းချတဲ့ စိုက်ပျိုးထုတ်ကုန်တွေထဲ နှမ်းတမျိုးသာ ရှိဟုဆို

ကရင်နီပြည်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ထွက်ကုန်တွေထဲ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချမှုမှာ နှမ်း တမျိုးသာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဒီ တင်ပို့မှုက အစိုးရချင်း တရားဝင် တင်ပို့ရောင်းချမှုမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်အချင်းချင်းကြားက ရောင်းဝယ်ဖောက်ကားမှုတွေသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

“ကုန်စည်က အဝင်အထွက်တွေရှိတယ်။ အဲ့ဒါကတော့ လုပ်ငန်းရှင် အချင်းချင်းကြားမှာ ကျနော်တို့ ရောင်းဝယ်ဖောက်ကားတာလောက်ပဲ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ပြည်နယ်ဖက်ကနေ အသိအမှတ်ပြုဖြစ်စေ၊ မပြုသည်ဖြစ်စေ အဲ့ဒါမဆိုင်ပဲနဲ့ သက်ဆိုင်ရာနယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံ မဟုတ်လည်း၊ ဒေသ မဟုတ်လည်း သက်ဆိုင်ရာဒေသန္တရ လုပ်ငန်းရှင်တွေအချင်းချင်းကြားမှာ ကျနော်တို့ သွားနေတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်ပေါ့နော။ အဲ့‌တော့ ကျနော်တို့ ပြည်နယ်ကနေတော့ စိုက်ပျိုးကုန်နဲ့ ပတ်သက်လာရင်တော့ အဓိကကတော့ နှမ်းပေါ့နော။” လို့ ဦးဗညားက ဆိုပါတယ်။

ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကနေ ဝင်ရောက်လာတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံအစိုးရဟာ ဂြိုဟ်တုနည်းပညာသုံး စောင့်ကြည့်စစ်ဆေးမှုတွေကို လုပ်ဆောင်နေသလို မီးရှို့စိုက်ပျိုးထားတဲ့လယ်ယာမြေတွေကနေ ထွက်ရှိလာတဲ့ သီးနှံတွေကို ဝယ်ယူခြင်းမပြုဘဲ ပိတ်ပင်ထားတဲ့ မူဝါဒကိုလည်း ကျင့်သုံးနေပါတယ်။

ဒီလိုမူဝါဒကို ကျင့်သုံးနေပေမဲ့ ကရင်နီဘက်က နှမ်းတွေကို လုပ်ငန်းရှင်အချင်းချင်း အရောင်းအဝယ်ပြုလုပ်နေတာရှိပြီး ကရင်နီကထွက်တဲ့ နှမ်းတွေဟာ မီးရှို့စိုက်ပျိုးမှုစနစ်ကနေ ရလာတဲ့ သီးနှံတွေမဟုတ်ဘူးလို့ ဦးဗညားက ဆိုပါတယ်။

ကရင်နီပြည်မှာရှိတဲ့ စိုက်ပျိုးထွက်ကုန်တွေအနေနဲ့ မီးရှို့စိုက်ပျိုးမှုများတာဟာ အထူးသဖြင့် တောင်ယာစပါးနဲ့ ပြောင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

အခြား ဒေသထွက်ကုန်တွေကိုတော့ ဒေသတွင်းစားသုံးမှု ဖူလုံဖို့သာ စုဆောင်းထားပြီး ကရင်နီပြည်ကနေ တခြားနေရာကို တင်ပို့ရောင်းချတာတွေ မရှိသလောက် ဖြစ်ပါတယ်။

ကရင်နီပြည်ကနေ တင်ပို့ရောင်းချတဲ့ နှမ်း ပမာဏကိုတော့ အတိအကျမတွက်ချက်နိုင်ပေမယ့် တစ်နှစ်ကို တန်ချိန် သောင်းချီ တင်ပို့မှုရှိတယ်လို့ ဦးဗညားက သုံးသပ်ပြောပါတယ်။

April 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀...
April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...