မီဇိုရမ်က ကယ်ရီသမားတစ်ဦးကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဂုဏ်ပြုဆုချီးမြှင့်

မီဇိုရမ်က ကယ်ရီသမားတစ်ဦးကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဂုဏ်ပြုဆုချီးမြှင့်

ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့တဲ့ သုံးဘီးကယ်ရီသမားကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့မှာ မတ်လ ၁၃ ရက်နေ့ကကျင်းပပြုလုပ်တဲ့ Chapchar Kut ပွဲတော်မှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ရှုပီးငွေ ၁ သိန်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နေထိုင်သူ Pu Henry Lalhmingmuana ဟာ သုံးဘီးကယ်ရီဆွဲကာ အလုပ်အလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံသား၊ ရခိုင်ကုန်သည်တစ်ဦးက Pu Henry Lalhmingmuana ဆီ သုံးဘီးကို ငှားရမ်းခဲ့ပြီး ၎င်းတည်းခိုခန်းတခုကို ပို့ဆောင်ခဲ့စဉ် ရခိုင်ကုန်သည်က သုံးဘီးပေါ် မှာ အိတ်အမဲရောင်ထဲထည့်ထားတဲ့ ရူပီး ၁၅ သိန်းကျော်ကို မေ့ကျန်ခဲ့တာဖြစ်ပြီး ပိုင်ရှင်မေ့ကျန်ခဲ့တဲ့ ငွေတွေကို ပြန်အပ်နှံခဲ့တာကြောင့် Pu Henry Lalhmingmuana ကို မီဇိုရမ်ပြည်အတွက် အကြီးကျယ်ဆုံး ပွဲတော်မှာ အခုလို ဝန်ကြီးချုပ်ကိုယ်တိုင် ဆုချီးမြှင့်တာလည်းဖြစ်ပါတယ်။

ဒီ Chapchar Kut ပွဲတော်မှာ မီဇိုရမ်ပြည်နယ်အတွင်း ရဲရင့်သူ ၊ ရိုးသားဖြောင့်မတ်သူအား ဆုချီးမြှင့်ဖို့ ရွေးချယ်ကြရာ Pu Henry Lalhmingmuana ကို မီဇိုရမ်ပြည်နယ်အစိုးရ၊ အနုပညာနှင့် ယဉ်ကျေးမှုညွှန်ကြားရေးမှူးရုံးက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ဂုဏ်ပြုမှတ်တမ်းနဲ့ ဖလားအပြင် ဆုငွေ ရူပီး ၁ သိန်း ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

Most read this week

မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...