ရန်ကုန်ရောက် ကျောက်ဖြူမှစစ်ရှောင်များကို စစ်ကော်မရှင်က နေရပ်ပြန်ပို့နေဟုဆို

ရန်ကုန်ရောက် ကျောက်ဖြူမှစစ်ရှောင်များကို စစ်ကော်မရှင်က နေရပ်ပြန်ပို့နေဟုဆို

တိုက်ပွဲများကြောင့်ကျောက်ဖြူကနေ ပြည်မကိုစစ်ဘေးရှောင်သွားကြသော ဝန်ထမ်းများနှင့်မိသားစုများကို အကြမ်းဖက်စစ်ကော်မရှင်ကရေကြောင်းကနေ ကျောက်ဖြူသို့ပြန်ပို့နေကြောင်းသတင်းရရှိသည်။  

ထိုသို့ပြန်ပို့နေရာတွင် ရန်ကုန်မှ သင်္ဘောဖြင့် မာန်အောင်သို့ ပထမပို့ဆောင်ပြီး  မာန်အောင်မှတစ်ဆင့် ကျောက်ဖြူမြို့ကိုရေကြောင်းကနေထပ်မံပြီးပို့ဆောင်နေခြင်းဖြစ်ကြောင်း အစိုးရဝန်ထမ်း အသိုင်းအဝိုင်းနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက နိရဉ္စရာသို့ပြောသည်။

 " ၂၀၂၅ ခုနှစ်က  စစ်ရေးအခြေနေကြောင့်  ရန်ကုန်ဖက်ကို ပြောင်းထားတဲ့ဝန်ထမ်းတွေပါ။ အဓိက ရခိုင်ဒေသခံဝန်ထမ်းတွေပေါ့။ အခုသူတို့ကို ပြန်ခေါ်နေပြီ။ ဒီလအတွင်းမှာဘဲ သင်္ဘောနဲ့မာန်အောင်ကို ပထမပို့တယ်။ မာန်အောင်ကနေ ရေကြောင်းတဆင့် ကျောက်ဖြူကိုပြန်သွင်းနေတယ် " ဟုသူမက ပြောသည်။

စစ်ကော်မရှင်က ကျောက်ဖြူမြိုနယ်တွင်တိုက်ပွဲများ ပြင်းထန်စွာဆက်လက် ဖြစ်ပွားနေသော်လည်း နယ်မြေအခြေအနေငြိမ်သက်နေသယောင်အယုံသွင်းကာ ကျောက်ဖြူသို့ပြန်လည်ခေါ်ယူနေခြင်းဖြစ်သည်ဟု ဆိုသည်။

 " ဒါကလိမ်ညာမှုတစ်ခုပါ။ အဓိကစစ်ကော်မရှင်ကကျောက်ဖြူကိုထိန်းနိုင်ပြီဆိုတဲ့စကားက  နိုင်ငံရေးလှည့်ကွက်ပေါ့။ နောက်တခုက ဒေသခံဝန်ထမ်းတွေကို ဓားစာခံအဖြစ်ထားချင်နေတဲ့သဘောပေါ့။ ပြန်ခေါ်တာလေ " ဟုပြောသည်။

ကျောက်ဖြူတွင် ၂၀၂၄ ဖေဖော်ဝါရီလမှစပြီး  အာရက္ခတပ်တော်(AA)နှင့်စစ်ကော်မရှင်တပ်တို့ အကြားနှစ်ဖက်အပြင်းအထန် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

၎င်းအချိန်မှစပြီး ကျောက်ဖြူက ဌာနဆိုင်ရာဝန်ထမ်းအများစုနှင့်စစ်တပ်၊ရဲများ၏  မိသားစုများကိုစစ်ကော်မရှင်က ရန်ကုန်အပါအဝင် ပြည်မကို တဖြည်းဖြည်းချင်းပြောင်းရွှေ့ခဲ့ပြီး နီးစပ်ရာတပ်ရင်း ၊ ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်ခိုင်းခဲ့သည်ဟုသိရသည်။

လက်ရှိတွင်ကျောက်ဖြုမြို့နယ်အတွင်းတိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သော်လည်း နယ်မြေငြိမ်းချမ်းနေပြီဟုဆိုကာ ယခုမတ်လအတွင်းတွင်စစ်ကောင်စီက အဆိုပါဌာနဆိုင်ရာ ရခိုင်ဒေသခံဝန်ထမ်းတချို့နှင့်လက်ငယ်သားဇနီးသားသမီးတွေကို ပြန်လည်ခေါ်သွင်းနေခြင်းဖြစ်ကြောင်းသူမက ပြောသည်။  

ရန်ကုန်တွင် စစ်ဘေးရှောင်နေခဲ့ကြသည့် ရခိုင်ဝန်ထမ်းများအနေဖြင့်လည်း ရန်ကုန်တွင် ရေရှည် ရပ်တည်နေထိုင်လာရသော အခါ တစ်ဘက်တွင် စားဝတ်နေရေး အခက်အခဲများအပါအဝင် ရပ်တည်ရေး ခက်ခဲမှုများလည်းရှိနေသဖြင့် ကျောက်ဖြူကို ပြန်လာချင်သူလည်း များနေကြောင်း သူမက ပြောသည်။

လက်ရှိ မြေပြင်အနေအထားအရအာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ အကြား  နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်တပ်အနေဖြင့် နယ်မြေများကိုမထိန်းချုပ်နိုင်သည့်အပြင် စစ်ကြောင်းလာသည့်တပ်များမှာ တစ်ဖြည်းဖြည်း ပြန်လည် နောက်ဆုတ်ပေးနေရသည်ဟုမြေပြင်သတင်းအရ သိရှိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...