နိုင်ငံခြားကုန်ပစ္စည်းတင်ဆောင်သည့် ကုန်ကားများကို မိုင်းပွန် စစ်ဆေးရေးဂိတ်တွင် သိမ်းဆည်း

နိုင်ငံခြားကုန်ပစ္စည်းတင်ဆောင်သည့် ကုန်ကားများကို မိုင်းပွန် စစ်ဆေးရေးဂိတ်တွင် သိမ်းဆည်း

ငွေညှစ် — သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ကုန်ကားများပေါ်တွင် တင်ဆောင်လာသည့် နိုင်ငံခြားကုန်ပစ္စည်း ပါလျှင် ကားသိမ်းဆည်းကာ ငွေညှစ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှ စပြီး မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ထိုင်းနိုင်ငံမှ တင်သွင်းသည့် အဝတ်အထည်များ၊ အစားသောက်များကို ကုန်ကားပေါ်တွင် တွေ့လျှင် ကားသိမ်းဆည်းကာ ငွေကျပ် သိန်းဆယ်ချီတောင်း ခံကြောင်း ကားမောင်းသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားပေါ်တာ ထိုင်းက လာတဲ့ အထည် သုံးထည်တွေ့ရင်တောင် မရဘူး။ တရုတ်နဲ့ ထိုင်း ပစ္စည်းဆို ဘာပစ္စည်းမှ မရဘူး၊ သူတို့မကြည်ရင် ကားပါသိမ်းတာ၊ ပြီးရင် ငွေတွေ အများကြီးတောင်းတယ်၊ ပစ္စည်းလည်း အဲဂိတ်မှာ ချခဲ့ရတယ်၊ အရင်ကဆို သွားရလာရ လွယ်ကူသေးတယ်။ အခုက မရတော့ဘူး တော်တော်စစ်နေတာ။”ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

ထိုင်း-တရုတ် နိုင်ငံမှ ကုန်ပစ္စည်းတင်မက မိုင်းကိုင်၊ လဲချား၊ပင်လုံ၊ နမ့်စန်မှ ကုန်ပစ္စည်းများကို ရပ်ကွက်ထောက်ခံစာပါ ဂိတ်ပေးဖြတ်ကြောင်းနှင့် ပြည်တွင်းကုန်ပစ္စည်းများ ရပ်ကွက်ထောက်ခံစာ မပါလျှင် ငွေတောင်းခြင်း၊ ဂိတ်ပေးမဖြတ်ခြင်း၊ ကုန်ပစ္စည်းများ သိမ်းဆည်းခြင်းတို့ လုပ်ဆောင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လွိုင်လင်_တောင်ကြီးပြေးဆွဲနေသည့် လိုင်းကားများသည်လည်း လူမပါလျှင် ကုန်ပစ္စည်းတင်မရတော့သောကြောင့် လူပြည့်မှ ကားထွက်ရကြောင်းနှင့် လူမပြည့်လျှင် တွက်ခြေမကိုက်တော့ကြောင်း လိုင်းကား မောင်းနှင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ကုန်ပစ္စည်းက လူပါမှ တင်လို့ရတာ၊ လူမပါပဲတင်ရင် ဂိတ်က စစ်ချပြီး ယူထားတာ၊ အဲတော့ ကုန်ပစ္စည်းက တင်စရာမရှိတော့ လူပြည့်မှ ကားထွက်တော့တယ်၊ မဟုတ်ရင် တွက်ခြေမကိုက်ဘူး၊ အရင်ကဆို လူမပါလည်း ကုန်တင်လို့ရတာ အခုတော့ ဘာမှ ပေးမတင်တော့ဘူး။”ဟု အဆိုပါ ကားသမား ကပြောသည်။

ထို့ကြောင့် တောင်ကြီးမြို့နှင့် တခြားသော မြို့ကြီးများတွင် ထိုင်း-တရုတ်ထုတ်ကုန်များဖြစ်သည့် အဝတ်အထည်များ စားသောက်ကုန်များ ပြတ်လပ်နေပြီး ကုန်ဈေးနူန်းသည်လည်း အဆမတန်မြင့်တက်နေသည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ-တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ တင်ဆောင်ရန် ပိတ်ပင်လိုက်ပြီးနောက် စစ်ကော်မရှင်တပ်၏ စစ်ဆေးရေးဂိတ်များ၌ ဖမ်းဆီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်ခြင်း၊ ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်း စသည့် အခက်ခဲများကို ကုန်သည်နှင့် ကားသမားများ ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် ဂျပ်ဖာများ၊ ကုန်ပစ္စည်းများကို အောက်သို့ အားလုံးချခိုင်းကာ တစ်ခုချင်းစီ ဖောက်ထုတ်စစ်ဆေးနေသဖြင့် မလိုအပ်ဘဲ အချိန်ကြာမြင့်မှု ဖြစ်နေသည်ဟု သိရသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...