ထိုင်းမှ ပြန်ပို့ခံရသည့် ရခိုင်လူငယ်များကို စစ်မှုထမ်းခိုင်းပြီး ပဒါန်းစစ်မျက်နှာသို့ပို့

ထိုင်းမှ ပြန်ပို့ခံရသည့် ရခိုင်လူငယ်များကို စစ်မှုထမ်းခိုင်းပြီး ပဒါန်းစစ်မျက်နှာသို့ပို့

ခိုင်လူလှ (ရိုးမမြေ) — ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး အချုပ်ကျကာ လွတ်ရက်စေ့၍ ပြန်ပို့ခံရသည့် ရခိုင်လူငယ်များကို စစ်မှုထမ်းခိုင်းပြီး ပဒါန်းစစ်မျက်နှာသို့ပို့ဆောင်လိုက်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ ကျွန်တော် အစ်ကိုက သင်တန်း ၂ လ ခွဲတက်ရပါတယ်။  ရခိုင်သားတွေ မကန်ပါပါတယ်လို့ပြောပါတယ်။ သင်တန်းတက်ပြီး လူတွေခွဲတယ်လို့ သိရပါတယ်။ ကျွန်တော်အစ်ကိုနဲ့အတူ ထိုင်းကနေ ပြန်ပို့ခံရတဲ့ မြောက်ဦးက တစ်ယောက်ကို မကွေးတိုင်း ရှေ့တန်း ပဒါန်းဘက်ကို ပို့လိုက်ပါတယ်”ဟု ညီဖြစ်သူက နိရဉ္စရာကို ပြောသည်။

၎င်းလူငယ်များသည် ထိုင်းနိုင်ငံမှ လွတ်ရက်စေ့ကာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ရနောင်းမှ တစ်ဆင့် မြန်မာသို့ ပြန်ပို့ခံရစဉ် စစ်မှုထမ်းရန် အတင်းဆွဲခေါ်ခံခဲ့ရသူများဖြစ်ကြသည်ဟု သိရသည်။

“ ကျွန်တော်တို့ အစ်ကို လစာလည်း နည်းနည်းဘဲ ရတယ်လို့ ပြောပါတယ်။ စားရေးသောက်ရေး အဆင်မပြေလို့ ပိုက်ဆံ လွှဲခိုင်းလို့  ငွေလွှဲပေးတာ ၂ ကြိမ်ရှိပါပြီ။ ပထမတစ်ကြိမ် ၆ သိန်း၊ ဒုတိယ တစ်ကြိမ် ၃ သိန်းခွဲ ပို့လိုက်ရပါတယ်။ လိုင်းတွေလည်း သိပ်မကောင်းတော့ သူတို့နဲ့ ဆက်သွယ်ရတာ အဆင်မပြေပါ။ အများစု စစ်မှုထမ်းတွေက စိတ်ဓာတ်ကျနေကြတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်နေသည့် မကွေးတိုင်း၊ ပဒါန်းမြို့နယ်၊ နတ်ရေကန်ဘက်သို့ ပို့ဆောင်ခံရသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြပြီး မိခင်ဖြစ်သူမှာ နေ့စဥ် မျက်ရည်ကျကာ ငိုယိုနေသည်ဟု ပြောသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာသိမ်း စစ်ကောင်စီမှပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့အထိ ရခိုင်ပြည်သူ ၂၆၈၆ ဦးမှာ မတရားဖမ်းဆီးခံခဲ့ရကြောင်း Spring Revolution Database (SRD) ၏ ဖေဖော်ဝါရီလ ၂၂ ရက်ထုတ် အစီရင်ခံစာအရ သိရသည်။

အလားတူ မလေးရှားနိုင်ငံကနေ ပြန်ပို့ ခံရသူ ရခိုင်အမျိုးသား ၂၀၀ ခန့်ကိုလည်း အတင်းအဓမ္မ စစ်မှုထမ်းခိုင်းထားသည်ဟု သတင်းရရှိသည်။

Most read this week

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...