BNRA အဖွဲ့က ထုတ်ပေးထားသည့် လက်နက်များကို နီးစပ်ရာ ပကဖ အဖွဲ့များထံ အပ်နှံကြဖို့ ကြေညာ

BNRA အဖွဲ့က ထုတ်ပေးထားသည့် လက်နက်များကို နီးစပ်ရာ ပကဖ အဖွဲ့များထံ အပ်နှံကြဖို့ ကြေညာ

ယင်းမာပင်ခရိုင်အတွင်း နေထိုင်နေကြပြီး BNRA အဖွဲ့က ထုတ်ပေးထားသည့် လက်နက်များ ကိုင်ဆောင်ထားသည့် ရဲဘော်များအနေဖြင့် နေထိုင်ရာ ခရိုင်၊ မြို့နယ် ပကဖ အဖွဲ့များထံ ချိတ်ဆက်၍ ကိုင်ဆောင်သောလက်နက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို အပ်နှံ ကြဖို့အတွက် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

BNRA အဖွဲ့ က ထုတ်ပေးထားသော လက်နက်များနှင့်ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံခြင်းမရှိဘဲ ရောင်းချခြင်း ပေါင်နှံခြင်း ဖျောက်ဖျက်ထားခြင်း ဖျက်ဆီးခြင်းများ မပြုလုပ်ကြဖို့နှင့် စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာအရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းမာပင်ခရိုင်အတွင်းမှာရှိသည့် ရပ်ကျေး၊ တိုက်နယ်အဆင့် ပကဖ ၊ ပအဖ များအနေဖြင့်လည်း နယ်မြေအတွင်း BNRA တပ်ဖွဲ့ ဝင်များရှိပါက ခရိုင် ၊ မြို့နယ် ပကဖ တာဝန်ခံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးကြဖို့အတွက်ကိုလည်း တိုက်တွန်းထားသည်။

ဖေဖော်ဝါရီလ ၁၈ ရက်က BNRA အဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးနှင့် ထိပ်ပိုင်း ခေါင်းဆောင်တချို့ကို စစ်ကော်မရှင်တပ်ဖွဲ့ က ရဟတ်ယာဥ် နှစ်စီးဖြင့် ခေါ်ထုတ်သွားပြီးနောက် BNRA တပ်ဖွဲ့ ၏ တပ်ရင်းမှူး သုံး ဦးအပါဝင် အင်အား ၁၅၀ ခန့်သည် လက်နက်များ အပ်နှံပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များနှင့် ပူးပေါင်းခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။

“တချို့ကျတော့လည်း ဇဝေဇဝါနဲ့ သူတို့ကို သတ်မယ်ထင်ပြီးတော့ ရှောင်တိမ်းနေတာတွေလည်းရှိတယ်၊ တချို့လည်း သွားတွေ့နေတယ် ။ ကျတော်တို့နဲ့ တွေ့ ပြီး အခု ကျတော်တို့ နဲ့ အတူတူ ညီအကိုလို နေနေကြတဲ့ သူတွေလည်း ရှိနေပါပီ “ ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၁၂ )မှ ကိုနေမင်းက ပြောသည်။

သို့ရာတွင် BNRA တပ်ဖွဲ့ဝင်အချို့သည် ပြည်သူ့ကာကွယ်ရေးတပ်တော် PDF ၊ ပကဖ များနှင့်ပူးပေါင်းခြင်းမရှိဘဲ စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ပူးပေါင်းသွားသူများလည်းရှိကြောင်း သိရသည်။ မင်းတိုင်ပင်ကျေးရွာတွင်ရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ထံ ၁၅ ဦး ပူးပေါင်းသွားပြီး ပုလဲမြို့ပေါ် ရှိ စစ်ကော်မရှင်တပ်နှင့် ငါးဦး ပူးပေါင်းသွားမှုများရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...