အိန္ဒိယ - ပလက်ဝနယ်စပ်ကုန်သွယ်ရေးပိတ်ထား၍ ကုန်ဈေးနှုန်းကြီးမြင့်လာမှာကို ချင်းဒေသခံတွေ စိုးရိမ်

အိန္ဒိယ - ပလက်ဝနယ်စပ်ကုန်သွယ်ရေးပိတ်ထား၍ ကုန်ဈေးနှုန်းကြီးမြင့်လာမှာကို ချင်းဒေသခံတွေ စိုးရိမ်

အိန္ဒိယ - ပလက်ဝ(မြန်မာ)နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ၂ လအကြာ ပိတ်ထား တဲ့အတောအတွင်း အခြေခံစားသောက်ကုန်စည်တွေ ပြတ်လပ်မှာနဲ့ ဈေးနှုန်းကြီးမြင့်လာမှာကိုစိုးရိမ်ကြောင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ၊ မတူပီမြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မီဇိုယာဉ်မောင်းတစ်ဦး မြန်မာဘက်ခြမ်း ကုန်ပစ္စည်းသွားပို့ရာတွင် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လုံခြုံရေးအခြေအနေကြောင့်ဆိုကာ အိန္ဒိယ - ပလက်ဝ(မြန်မာ)နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့စလို့ နောက်ထပ်အမိန့်ထုတ်ပြန်မှု မရှိမခြင်း ၂ လပိတ်လိုက်ကြောင်း လောင်တလိုင်ခရိုင် တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းနေထိုင်တဲ့ ဒေသခံတစ်ဦးက “ပိတ်သွားရင် အခက်ခဲများစွာကြုံကြရမှာဖြစ်တယ် အဓိက အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီဆား၊ ပဲအမျိုးမျိုးအပါအဝင်ပေါ့ အဲလိုဟာတွေ ပြတ်လပ်လာနိုင်တယ် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးမြင့်တက်လာမှာသေချာတယ် အခုလောလောဆယ်တော့ ကျနော်တို့ဒေသမှာတော့ ဈေးမတက်သေးဘူး” လို့ပြောပါတယ်။

အိန္ဒိယ - မြန်မာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ကုန်ပစ္စည်းသယ်ယူ တင်သွင်းခွင့်တွေကို ပိတ်ထားတာဖြစ်ပြီး နိုင်ငံခြားသားတွေ အားလုံးအနေဖြင့်လည်း ခွင့်ပြုချက်မရဘဲ နယ်စပ်ဖြတ်ကျော်ပြီး မည်သူမှ ဝင်ရောက်ခွင့် မပြုကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် မီဇို ယာဉ်မောင်းတစ်ဦးဟာ အာရက္ခတပ်တော်

(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ် ရှင်းလက်ဝဒေမှာ ကုန်ပစ္စည်းတွေပို့ဆောင်ရာမှာ ပျောက်ဆုံးခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဒဏ်ရာတချို့နဲ့ သေဆုံးလျက် အလောင်းကို တွေ့ရှိခဲ့ကြတာဖြစ်ပြီး အဆိုပါဖြစ်စဉ် နှင့် ပက်သက်ပြီး လောင်တလိုင်ခရိုင် အခြေစိုက် ဗဟိုလိုင်းလူငယ်အသင်း(CYLA )နဲ့ လောင်တလိုင် ခရိုင် Pickup Association အဖွဲ့ကလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားကြောင်း ကြေညာခဲ့ကြပါတယ်။

လက်ရှိပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်မြို့ကနေ တဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ်ဘက်ကို ကုန်ပစ္စည်းတွေ တင်သွင်းပို့ဆောင်ရာမှာ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။

June 20, 2026
ဖိနှိပ်မှုတွေကြားက မတုန်လှုပ်ဘဲ မိမိယုံကြည်ချက်ကို ခိုင်မြဲစွာရပ်တည်လျက်...
June 19, 2026
ချင်းပြည်နယ် တီးတိန်မြို့နဲ့ ရိဒ်ခေါ်ဒါရ် (အိန္ဒိယ - မြန်မာ) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က...
June 18, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ရက်ပေါင်း ၃၀ အတွင်း...
June 17, 2026
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြစ်ဒဏ်ကျခံပြီးသား...