မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အရေပြား ယားနာမှု အဖြစ်များနေပြီး ဆေးဝါးလိုအပ်နေ

မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အရေပြား ယားနာမှု အဖြစ်များနေပြီး ဆေးဝါးလိုအပ်နေ
ဓါတ်ပုံ - Mg Bo (Facebook)
ဓါတ်ပုံ - Mg Bo (Facebook)

ကရင်နီပြည်က မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ဟာ အ‌ရေပြားယားနာ အဖြစ်များနေကြပြီး ဆေးဝါးတွေလိုအပ်နေကြတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“အဆိုးဆုံးအနေနဲ့ကတော့ တစ်ကိုယ်လုံးမျက်နှာပါမကျန် ယားနာပေါက်တဲ့ သူတွေလဲရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက စတင်တွေ့တာပေါ့နော်။ အခုချိန်ထိလဲ ဖြစ်ပွားနေကြတုန်းပါဘဲ။”လို့ ကရင်နီပြည် စေတနာ့ဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ Unit-K ရဲ့ တာဝန်ခံတစ်ဦးက ဆိုပါတယ်။

အခုလို ယားနာမှုဖြစ်ကြတာဟာ နှစ်နဲ့ချီရှိနေပြီဖြစ်ပြီး အဓိက ရေကြောင့်နဲ့ အစားအသောက်ကို ရွေးချယ်စားသုံးခွင့်မရှိတာကြောင့် ဖြစ်ပွားမှု များတာဖြစ်ပြီး မပျောက်ကင်းနိုင်သေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးမှူးတွေက ပြောပါတယ်။

ယားနာဖြစ်ပွားမှု သက်သာစေဖို့ ယားနာလိမ်းဆေးကို အမြဲဆောင်ထားဖို့ လိုအပ်တဲ့အခြေအနေဖြစ်လာတယ်လို့ KNDF တပ်ရင်း(၂) တပ်ခွဲ ၂ မှာ ဆေးမှူး တာဝန်ထမ်းဆောင်နေသူတဦးက အခုလိုပြောပါတယ်။

“အဆိုးဆုံးကတော့ လိမ်းဆေးမရှိတဲ့အချိန်။ ဆေးကို အမြဲဆောင်ထားနေရတဲ့ အခြေနေပေါ့။ ယားယံဖြစ်တာက ၂/၃ နှစ်ရှိပြီ။ ဆေးပြတ်တောက်မှု ခဏခန ဖြစ်တော့ အပြီးပျောက်သူတော့ နည်းတယ်။ သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ပေါ့။” လို့ အဆိုပါ ဆေးမှူးက ပြောပါတယ်။

အရေပြားယားနာမှုတွေအပြင် ပွေးယားနာတာ ဖြစ်ပွားသူတွေလည်း ရှိနေတာကြောင့် အချင်းချင်းကနေလည်း ကူးစက်မှုရှိတယ်လို့ ပြောပါတယ်။ ယားနာမှုဖြစ်ပွားသူတွေဟာ ကျောပြင် ၊ လက်ချောင်း ၊ လက် ၊ ခန္ဓာကိုယ်အနှံ့မှာ အနီစက်ထွက်တာ ၊ ရေကြည်ဖုထွက်တာ စတဲ့လက္ခဏာဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆေးဝါးလိုအပ်ချက်တွေကို သက်ဆိုင်ရာ တပ်ရင်းတာဝန်ရှိသူတွေကနေ ဖြည့်ဆည်းပေးတာရှိပေမယ့် တပ်ခွဲ အလိုက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လည် ဝယ်ယူရတာရှိပြီး ဆေးဝါးလိုအပ်ချက်အတွက် ကူညီပေးကြဖို့ကိုလည်း မြေပြင်ရဲဘော်တွေက တောင်းဆိုထားပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...