စစ်ကော်မရှင်ကို အခုထက် ပိုအရေးယူမယ့်ဥပဒေကို ကန်အောက်လွှတ်တော် အတည်ပြု

စစ်ကော်မရှင်ကို အခုထက် ပိုအရေးယူမယ့်ဥပဒေကို ကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်အောက်လွှတ်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ကို အရေးယူမယ့် BRAVE Burma Act ဥပဒေကြမ်းကို အတည်ပြုပြီလို့ လွှတ်တော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

"ဒီဥပဒေက စစ်အာဏာရှင်အပေါ် ၂၀၂၂ ခုနှစ်က စတင်ထားတဲ့ BURMA Act ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုအားကောင်းအောင် ပြင်ဆင်ခြင်း ဖြစ်ပြီး အမေရိကန် ကွန်ဂရက်က မြန်မာပြည်သူတွေကို မမေ့သေးဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသပေးပါတယ်"လို့လည်း အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းစ်ရွှေက ရေးသားထားပါတယ်။

ဒီဥပဒေဟာ စစ်အာဏာရှင်ရဲ့ ငွေရေးကြေးရေး အဓိက လမ်းကြောင်းကို ပစ်မှတ်ထားပြီး မြန်မာ့စီးပွားရေးဖွံ့ဖြိုးရေးဘဏ် (Myanma Economic Bank, MEB) ကို ပိတ်ဆို့အရေးယူဖို့နဲ့ ပိုတင်းကျပ်အောင်လုပ်ဖို့လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်အတွက် ဝင်ငွေဖန်တီးပေးနေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ၊ လေယာဉ်ဆီတင်သွင်းတာမှာ ပါဝင်တဲ့လုပ်ငန်းတွေကို ထိခိုက်စေဖို့ ရည်ရွယ်တယ်လို့လည်း ဦးဂျိမ်းစ်ရွှေက ဆိုပါတယ်။

ဥပဒေဟာ မြန်မာအတွက် အထူးကိုယ်စားလှယ်ခန့်တာအပါအဝင် အဲဒီကိုယ်စားလှယ်ဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အာဆီယံအပြင် နိုင်ငံတကာ မဟာမိတ်တွေနဲ့ ထိထိရောက်ရောက် ပူးပေါင်းဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။

"အောက်လွှတ်တော်က ပါတီစုံ အတည်ပြုခြင်းက ဒါဟာ ပါတီရေး ကိစ္စ မဟုတ်ဘဲ နှစ်ပါတီလုံးက မြန်မာပြည်သူတွေကို ရေရှည် ထောက်ခံနေကြောင်း ပြသပါတယ်" လို့လည်း ဦးဂျိမ်းစ်ရွှေက ဆိုပါတယ်။

အဲဒီဥပဒေက အောက်လွှတ်တော်က အတည်ပြုပြီးသွားတဲ့အတွက် အထက်လွှတ်တော်က အတည်ပြုပြီးသွားရင်တော့ သမ္မတက လက်မှတ်ရေးထိုးပြီးရင် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...