သိုင်းငင်း-ဖလမ်းကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ၃၆ ဦးသေဆုံး

သိုင်းငင်း-ဖလမ်းကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ၃၆ ဦးသေဆုံး

- ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို စစ်ကူတက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ စစ်ကော်မရှင်တပ်က ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ဦးသေဆုံးတယ်လို့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဆီကနေ သိရပါတယ်။ 

- လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ချင်းပြည်နယ်မှာ စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ချင်းလူမျိုး ၁,၁၈၃ ဦးသေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုထဲ အသက်အပိုင်းအခြားအရ ချင်းလူငယ်လူရွယ်သေဆုံးမှုမှာ ၅၀၀ နီးပါးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA) က ပြောပါတယ်။ 

- စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်အရာရှိ ၁၀ ဦးရဲ့ ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တီမောလက်စ်တေနိုင်ငံမှာ တရားစွဲဆိုမှုကို တီမောတရားရုံးက လက်ခံအမှုဖွင့်လိုက်ပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ပြောပါတယ်။

August 29, 2026
- ကချင်ပြည်နယ် ဗန်းမော်ဘက်ကို အင်အားဖြည့်ဖို့ ရေလမ်းကြောင်းကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့...
August 28, 2026
- ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပေါင်းစည်းနိုင်ရေးအတွက် ချင်းလဲန်းကောင်စီ (CC) နဲ့...
August 27, 2026
- ကရင်နီပြည်မှာ ဂျဲဒါန်အခြေပြုအကြမ်းဖက်မှုတွေ မြင့်မားနေသေးတာကြောင့် လျှော့ချနိုင်ဖို့...
August 26, 2026
- KIO ထိန်းချုပ်နယ်မြေမှာ ကုမ္ပဏီတွေကို မြေရှားသတ္တုလုပ်ကွက်ချပေးအပြီး လိုက်နာရမယ့်ဥပဒေတွေကိုပါ...