အာဏာသိမ်းကာလ ၅ နှစ်အတွင်း လွိုင်ကော်မှာ နိုင်ငံရေးအကျဥ်းသား သေဆုံးသူ ၃ ဦးရှိ

အာဏာသိမ်းကာလ ၅ နှစ်အတွင်း လွိုင်ကော်မှာ နိုင်ငံရေးအကျဥ်းသား သေဆုံးသူ ၃ ဦးရှိ
ပုံဟောင်းအသုံးပြုထားသည်။
ပုံဟောင်းအသုံးပြုထားသည်။

စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက သေဆုံးသူ ၃ ဦး ရှိခဲ့တယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က ပြောပါတယ်။

အဆိုပါ သေဆုံးခဲ့သူ နိုင်ငံရေး အကျဥ်းသား ၃ ဦးဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ KPPA အသင်းဝင်တစ်ဦးက ပြောပါတယ်။

“သေဆုံးသွားတဲ့သူတွေက ၂၀၂၂ မှာ ၂ ယောက်ဖြစ်လိမ့်မယ်။ တစ်ယောက်က လွိုင်ကော်အကျဥ်းထောင်မှာပဲသေတယ်။ အသက် ၂၁ နှစ်ပေါ့နော်။ နောက်တစ်ယောက်က မြို့မရဲစခန်းပေါ့နော်။ အဲ့ချိန် အချုပ်ဖောက်တာ အပြင်မှာ ကလေး ၃ ယောက် ကျန်ခဲ့တယ်။ အသက်မပြည့်တဲ့ကလေး ၃ ယောက် လွိုင်ကော်အကျဥ်းထောင်မှာ ထားထားတာ။ အဲ့ချိန်မှာ ရဲတွေက ဖမ်းဆီးချုပ်နှောင်ထားပြီ။ ရဲတစ်ယောက်က စိတ်မထိန်းနိုင်လို့ ပစ်သတ်လိုက်တာ။ ‌နောက်တစ်ယောက်က ၂၀၂၄ မှာ ပြန်လွတ်လာပြီး သိပ်မကြာခင်မှာပဲ ဆုံးသွားတာပေါ့နော်။”လို့ KPPA အသင်းဝင်တစ်ဦးက ဆိုပါတယ်။

သေဆုံးခဲ့သူ ၃ ဦးအနက် လွိုင်ကော်အကျဥ်းထောင်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းကြောင့် ၁ ဦး၊ မြို့မရဲစခန်းမှာ ချုပ်နှောင်ခံရစဥ်အတွင်း ရဲက ပစ်သတ်သူ ၁ ဦးနဲ့ အကျဥ်းထောင်ကနေ လွတ်မြောက်လာပြီး အကျဥ်းထောင်အတွင်းက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် သေဆုံးတာ ၁ ဦးဖြစ်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ KPPA က အသိပေးထုတ်ပြန်ထားတာပါ။

KPPA ရဲ့ လက်လှမ်းမီစာရင်းအရ နိုင်ငံရေး အကျဥ်းသား စုစုပေါင်း ၂၉၃ ဦး ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၂၀၉ ဦးရှိသလို လက်ရှိမှာ ၈၄ ဦးက အကျဥ်းထောင်အတွင်း ကျန်ရှိနေဆဲလို့ သိရပါတယ်။ 

ကျန်ရှိနေဆဲ အကျဥ်းသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KPPA အသင်းဝင်တစ်ဦးက အခုလို ဆက်ပြောပါတယ်။

“နိုင်ငံရေးအကျဥ်းသားအများစုတွေက မိသားစုတွေနဲ့ ထောင်ဝင်စာတွေ ပေးလို့မရတဲ့ အခြေအနေမှာလည်း ရှိနေသေးတယ်လေး။ ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေး ကျန်းမာရေးကတော့ အခက်ခဲများမယ်။ ဒါကတော့ အခြေခံတောင်းဆိုချက်ပဲ ပြောရရင် သူတို့လည်း လိုအပ်နေတယ်။”လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ လွိုင်ကော် အကျဥ်းထောင်က အကျဥ်းသားတွေအတွက် လိုအပ်တဲ့ အစားအသောက်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်း နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပြီး အကူအညီပေးကြဖို့ကိုလည်း (KPPA) က အကူအညီတောင်းခံထားတာရှိသလို လက်ရှိမှာလည်း အကူအညီ လိုအပ်ချက်တွေ များစွာရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...