ဖလမ်းမြို့နယ် Nganzawl ရွာကို လေကြောင်းတိုက်ခိုက်မှု အသက် (၇၀)အရွယ် အဘွားအိုတစ်ဦး သေဆုံး

ဖလမ်းမြို့နယ် Nganzawl ရွာကို လေကြောင်းတိုက်ခိုက်မှု အသက် (၇၀)အရွယ် အဘွားအိုတစ်ဦး သေဆုံး

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ငါန်ဇောလ်( Nganzawl) ကျေးရွာကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၇၀) နှစ်အရွယ်အဘွားအိုတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ်များစွာလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံနဲ့နီးစပ်သူတစ်ဦးက " အခုတိုက်ခိုက်ခံရတဲ့ရွာမှာက တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်တပ်က လေယာဉ်နဲ့ ရွာကို လေကြောင်းကနေ ဗုံး ၄ ကြိမ်တိုက်ခိုက်ခဲ့တယ် အဲဒီမှာ ဒေသခံအဖွားအိုတစ်ယောက်ဆုံးသွားတယ် နေအိမ်တွေလည်း အပျက်အစီးများတယ်လို့ သိရတယ်" လို့ပြောပါတယ်။

စစ်ကော်မရှင်က ငါန်ဇောလ်( Nganzawl) ကျေးရွာကို ဒီကနေ့မနက် ၁၁ နာရီခွဲလောက်မှာ ကျေးရွာထဲကို ဗုံး ၃ လုံးနဲ့ ကျေးရွာအထက်ဘက်ကို ၁ ကြိမ် စုစုပေါင်း ၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ် ၁၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

မနေ့ညနေပိုင်းလောက်ကလည်း ဖလမ်းမြို့နယ် Sim Dihai ကျေးရွာကို စစ်ကော်မရှင်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားနေအိမ် ၃ လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား ဒီကနေ့ မနက်ပိုင်းမှာ ဖလမ်းမြို့ အရှေ့ဘက်ခြမ်း Sum Hrang ကျေးရွာတဝိုက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...