ချင်းပါတီများအနက် ဇိုမီးပါတီတစ်ခုတည်း ရန်ကုန်တိုင်းဒေသကြီးတွင် ဝင်ပြိုင်မည်

ချင်းပါတီများအနက် ဇိုမီးပါတီတစ်ခုတည်း ရန်ကုန်တိုင်းဒေသကြီးတွင် ဝင်ပြိုင်မည်
by -
ချင်းဝေါလ်
ချင်းပါတီများ မယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဟု ပါတီအတွင်းရေးမှူး ဦးအန်ထော်နီက ဇူလိုင်လ ၂၈ ရက်နေ့တွင် အတည်ပြု ပြောဆိုလိုက်သည်။

ဦးအန်ထော်နီမှ “တခြားချင်းပါတီတွေကတော့ မသိဘူး၊ ကျွန်တော်တို့ကတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ယှဉ်ပြိုင်ဖို့ စဉ်းစားထားတယ်”ဟု ပြောသည်။

ဇိုမီးဒီမိုကရက်တစ်ပါတီမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ လွှတ်တော်နေရာ အားလုံးအတွက် ယှဉ်ပြိုင်မည်ဖြစ်သလို ချင်းပြည်နယ်အတွင်း ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးမြို့နယ်နှင့် တမူးမြို့နယ်တွင်လည်း ယှဉ်ပြိုင်မည်ဖြစ်သည်။

အန်ထော်နီက “ကျွန်တော်တို့ ယှဉ်ပြိုင်ဖို့ စဉ်းစားထားတာက နေရာပေါင်း ၂၀ လောက်ရှိတယ်။ ရန်ကုန်တိုင်းအတွင်း ယှဉ်ပြိုင်မယ့် နေရာအပါအဝင်ပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာ ပြိုင်မယ့်သူတွေ ကတော့ အမည်စာရင်းကို ရွေးကောက် ပွဲ အောင်နိုင်ရေးကော်မတီက စည်းဝေးပွဲလုပ်ပြီး သူတို့ သတ်မှတ်လိမ့်မယ်။ ကျွန်တော်တို့ ပါတီကနေ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စာရင်းကတော့ ဒီလကုန်တော့ ထုတ်ပြန်ဖို့ လုပ်နေတယ်” ဟုပြောသည်။

ဇိုမီးဒီမိုကရက်တစ်ပါတီသည် ချင်းပါတီများအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းယှဉ်ပြိုင်မည့် ပါတီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စအပေါ် ချင်းဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်လိန်းက “ချင်းမိသားစု နိုင်ငံရေးပါတီ များတွေ့ဆုံပွဲကို ကျွန်တော်တက်ခဲ့တယ်။ ဒါပေမယ့် ရန်ကုန်တိုင်း ဒေသကြီးမှာ ပြိုင်မယ်လို့ ပြောတဲ့ပါတီ တစ်ခုမှ မရှိဘူး”ဟု ပြောသည်။

ဇိုမီးဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ခုနှစ်အတွင်းယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး ၂၀၁၂  ခုနှစ်အတွင်း မှတ်ပုံတင် အသစ် ပြန်လည်တင်သည့် ပါတီဖြစ်ကာ ဥက္ကဌမှာ ပူးကျင်ရှန်းထန်နှင့် အတွင်းရေးမှူးမှာ ပူးဂင်ကမ်လျန်တို့ဖြစ်ကြသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...