တီးတိန်မှာ စစ်ရှောင်ရွာသား ၁ ဦး မိုင်းနင်း၍ ခြေတဖက် ဖြတ်ခဲ့ရ

တီးတိန်မှာ စစ်ရှောင်ရွာသား ၁ ဦး မိုင်းနင်း၍ ခြေတဖက် ဖြတ်ခဲ့ရ

ဇန်နဝါရီလ ၂၅ ရက်နေ့က တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ကို စောင့်ကြည့်ဖို့ ပြန်လာတဲ့ ရွာသား အသက် ၃၈ နှစ်အရွယ် Pa Khuang Tin Mang ဟာ ရွာအဝင်ဝကနေ မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်တဖက် ဖြတ်တောက်ခဲ့ရတယ်လို့ တီးတိန်ဒေသခံများထံမှ သိရှိရပါတယ်။

“စစ်ကောင်စီ စစ်သားတွေ စစ်ကြောင်းထိုး ချီတက်လာတာကြောင့် New Suangpi တရွာလုံး နီးစပ်ရာ ရွာတွေ၊ တောင်ယာတဲ တွေမှာ စစ်ရှောင် ထွက်ပြေးခဲ့ရတယ်။ ရွာထဲကနေ စစ်သားတွေ ထွက်ခွာသွားတဲ့သတင်းကြားတာနဲ့ အိမ်ကို သွားကြည့်ဖို့ ရွာထဲပြန်လာတော့ ရွာအဝင်ဝ ကနေ မိုင်းနင်းမိခဲ့တာ ဖြစ်တာဖြစ်တယ်။ လက်ရှိမှာတော့ လုံခြုံတဲ့ဆေးခန်းတခုမှာ ဆေးကုနေပါတယ်။ ဘယ်ဘက် ခြေထောက်ကိုတော့ ဒူနားကနေ ဖြတ်တောက်ခဲ့ရတယ်။ အသက်အန္တရာယ်တော့ မရှိတော့ဘူး” လို့ ဒေသခံ ရွာသား ၁ ဦးက ပြောပြပါတယ်။

စစ်ကောင်စီ စစ်သားတွေဟာ သိုင်းငင်းရွာ ဘက်ကနေ ဖလမ်းဘက်ကို ဦးတည် ချီတက်လာတာကြောင့် New Suangpi ရွာသားတွေဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး ရွာကို စွန့်ခွာ စစ်ရှောင် ထွက်ပြေးခဲ့ရကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ New Suangpi ကနေ စစ်ကောင်စီ စစ်သားများ ထွက်ခွာခဲ့တယ်လို့ ကြားသိရကြောင်း၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရွာနှင့် နေအိမ်ကို လိုက်ကြည့်ဖို့ပြန်လာခဲ့သူ Pa Khuang Tin Mang ဟာ မိုင်းနင်းမိခဲ့ပြီးနောက်ပိုင်း ရွာသားများ အိမ် မပြန်ရဲတော့ဘဲ လက်ရှိ ခိုလှုံတဲ့နေရာ အသီးသီးမှာ ဆက်လက် ခိုလှုံနေရကြောင်း New Suangpi ရွာသား ဖြစ်သူထံမှ ဆက်လက်သိရပါတယ်။

New Suangpi ရွာဟာ တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ် နယ်စပ်ရှိ သိုင်းငင်း-ဖလမ်း လမ်းမကြီးဘေးမှာ တည်ရှိတဲ့ ရွာတရွာ ဖြစ်ပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...