လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသ၀ာ်ဖြတ်ခံရ

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသ၀ာ်ဖြတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သ၀ာ်သွားသည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက ဝင်ရောက်လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရသည့် ဆရာတော်၏ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ (၁၂) ချက်အထိ ထိုးနှက်ထားသည့်အပြင် ဦးခေါင်းကိုလည်း တူဖြင့် ထုရိုက်ကာ သွားများကိုပါ ရိုက်ချိုးထားသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဒေသခံများအကြား တုန်လှုပ်ခြောက်ခြား လျက်ရှိသည်။

“ဘုန်းဘုန်းက သဘောလည်း ကောင်းတယ်။ စစ်ဘေးစဖြစ်တုန်းကလည်း စစ်ရှောင်တွေကို ကူညီပေးခဲ့သူပါ။ ကျနော်တို့ အိမ်ကိုလည်း အမြဲဆွမ်းခံကြွနေကျမို့ အခုလို ဖြစ်သွားတော့ သိပ်ကိုနှမြောတယ်” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။

လားရှိုးမြို့ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း မြို့ပေါ်တွင် ယခုကဲ့သို့ သံဃာတော်တစ်ပါးအား နေ့ခင်းကြောင်တောင် ရက်စက်စွာ သ-တ်ဖြတ်နိုင်သည့်အထိ လုံခြုံရေး အားနည်းနေခြင်းအပေါ် ပြည်သူများက စိုးရိမ်မကင်း ဖြစ်နေကြသည်။

လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မြို့တွင်းလုံခြုံရေး ယူထားသည့်ကြားမှ ယခုကဲ့သို့ သွေးအေးရက်စက်သည့် လူသတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် မြို့နေပြည်သူများအကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအခြေအနေအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လျက်ရှိသည်။

Most read this week

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...