စစ်ကိုင်းနဲ့ကချင်အစပ်မှာ ၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး

စစ်ကိုင်းနဲ့ကချင်အစပ်မှာ ၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး

စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ် မော်လူးမြို့၊ မာန်ဟဲကျေးရွာက ပကဖရုံးကို တိုက်ပွဲဖြစ်တာမရှိပေမဲ့ ဇန်နဝါရီလ ၂၂ရက်နေ့မှာ စစ်ကော်မရှင်ကလေကြောင်းကနေ အတိအကျဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရတယ်လို့ မြေပြင်က တော်လှန်ရေးအင်အားစုနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇၊ ၁၈ ရက်နေ့တွေမှာတော့ ဝန်းသို–ကောလင်းအစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတဲ့ ခလရ ၁၂၀ နဲ့ ခလရ ၁၀၁ စစ်ကြောင်း နဲ့ထိပ်တိုက်တိုးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အရှင်ဖမ်းသတ်ဖြတ်ခံခဲ့ရတာကြောင့်တပ်ဖွဲ့ဝင် ၁၂ ဦးအထိ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာဘဲ ဇန်နဝါရီလ ၂၀ ရက်နေ့ကတော့ အဲ့ဒီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြားထိတွေ့တိုက်ပွဲ အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာအပါအဝင် အသေခံဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ နောက်ထပ်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ရပြန်ပါတယ်။

“ဝန်းသိုကောလင်းဘက်ကတော့ ၁၇ ယောက်ဟုတ်တယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပေါ့။ ရဲဘော်တချို့ဆို အိမ်သာကျင်းထဲ ပစ်ချခံရတာဗျာ။ လက်တလော တိုက်ပွဲကတော့ငြိမ်နေပါတယ်။ ကောလင်းမှာတော့ ဒါပေမဲ့ လက်နက်ကြီးသံတော့ ခပ်ကြဲကြဲ ပဲကြားရတယ်။ တိုက်ပွဲကတော့ငြိမ်နေပါတယ်။”လို့ လက်ရှိ ကောလင်း–ဝန်းသိုစစ်ရေးအခြေနေကို ဒေသခံတစ်ဦးကပြောပြပါတယ်။

တော်လှန်ရေးအင်အားစုတွေသေဆုံးခဲ့ရတဲ့ဖြစ်စဥ်တွေထဲ မော်လူးမြို့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပကဖရုံးကို စစ်ကော်မရှင်က အတိအကျဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်သလို ဇန်နဝါရီလ ၂၀ ရက်နေ့က အသေခံဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာလည်း ကောလင်းမြို့နယ်အရှေ့ခြမ်း ဝန်းသိုအစပ်က ပကဖရုံး တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

တစ်ဖက်မှာ ဒီရက်ပိုင်းအတွင်း စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတခုဖြစ်တဲ့ ဗန်းမောက်မြို့မှာလည်းနှစ်ဖက်တပ်တွေအကြားတိုက်ပွဲ ပြင်းထန်နေသလို တော်လှန်ရေးအင်အားစုတွေဘက်က မြို့ရဲ့ထက်ဝက်ကျော်ကို လက်လွှတ်ထားရပါတယ်။

ဧရာဝတီမြစ်နံဘေးမှာရှိတဲ့ ကသာမြို့မှာတော့ မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေက မြို့ထဲ အထိဝင်ရောက်နေရာယူထားတယ်လို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်နဲ့နီးစပ်တဲ့ ကသာမြို့ခံတစ်ဦးက“လက်ရှိကသာမြိုအခြေအနေကစစ်ကောင်စီမှနေ့တိုင်းY12နဲ့ကြုံရင်ကြုံသလိုဗုံးကြဲတာတွေရှိနေတဲ့အပြင်အမှတ်(နဲ့ကြုံရင်ကြုံသလိုဗုံးကြဲတာတွေရှိနေတဲ့အပြင်အမှတ်(၃၀၉)ခြေမြန်တပ်ရင်းကနေမြို့ရဲ့အနီးတစ်ဝိုက်လက်နက်ကြီးတွေနဲ့ပုံမှန်ပစ်နေပါတယ််။ အခုဆိုရင်တော်လှန်ရေးတပ်ဖွဲ့တွေက၊ကသာပြည်သူ့ဆေးရုံနဲ့အနီးဆုံးနေရာတွေမှာဝင်ရောက်လာပြီလို့လည်းကြားသိရပါတယ်။”လို့ ပြောပါတယ်။

လက်ရှိ စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတဲ့ ဝန်းသို၊ ကောလင်း၊ မော်လူးဒေသတွေအပါအဝင် တိုက်ပွဲတွေပြင်းထန် နေတဲ့ ကသာ၊ ဗန်းမောက်မြို့တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက် အမှတ် ၁ စစ်ဒေသအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးကိုအဓိကကွပ်ကဲတဲ့ ဒေသတွေဖြစ်ပါတယ်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...