စလင်းဒေသ စစ်ဘေးရှောင် ၈,၀၀၀ ကျော် အရေပြားရောဂါနှင့်စားနပ်ရိက္ခာပြတ်လပ်နေ

စလင်းဒေသ စစ်ဘေးရှောင် ၈,၀၀၀ ကျော် အရေပြားရောဂါနှင့်စားနပ်ရိက္ခာပြတ်လပ်နေ

MTO — မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံ ၈,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် ရေရှားပါးမှုနှင့်အတူ အရေပြားရောဂါများဖြစ်ပွားကာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ပြည်သူ့ညီနောင်-စလင်းအဖွဲ့ တာဝန်ရှိသူက “ တချို့ကျေးရွာတွေက စစ်ဘေးရှောင်တွေ ဖျားနားမှုတွေရှိလာပြီး ခန္ဓာကိုယ်မှာ အဖုတွေ အကွက်တွေနဲ့ ယားနာတွေလည်း ဖြစ်လာကြတယ်၊ တောထဲဆိုတော့ ရေရှားပါးမှုတွေကြောင့် သုံးရေ ချိုးရေ သောက်ရေအတွက် အခက်အခဲတော့ရှိတယ်” ဟု ပြောသည်။

စလင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ က ဇန်နဝါရီလ တတိယပတ်မှ စတင်၍ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် ဗုံးသီးကြဲချခြင်း နှင့် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ရွာခံ ပြည်သူများ ကျေး ရွာများ တွင် နေထိုင်နိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုများ စစ်ကြောင်းထိုးမှုများကြောင့် စလင်းမြို့နယ်တွင်းရှိ ကျေးရွာများ ဖြစ်သည့် ရှားတောကျေးရွာ၊ ကျောက်ရဲတုန်းကျေးရွာ၊ အောက်လှိုင်းကျေးရွာ၊ ပန်းတိမ်ကုန်း၊ ကညှပ်၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ဥယျာဥ်စု၊ ပန်းတောကျေးရွာ၊ ကျောက်ခဲကုန်းကျေးရွာ များ အပါအဝင် ကျေး ရွာ ပေါင်း ၁၈ ရွာ မှ ဒေသခံ ပြည်သူ ၈,၀၀၀ ခန့် ဘေးလွတ်ရာ တောများအတွင်းနေထိုင်နေရခြင်းဖြစ်ကြောင်း ပြည်သူ့ ညီနောင် စလင်းအဖွဲ့ မှ တာဝန်ရှိသူ တဦးက ပြောသည်။

“လက်ရှိအနေထားမှာ စစ်ဘေးရှောင်တွေ ခေါက်ဆွဲခြောက် ဆန်ဆီ ကြက်ဥတွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ် ၊ အမိုးအကာလိုအပ်ချက်တွေလည်း ရှိနေတယ်" ဟု ၎င်းက ပြောသည်။

စလင်းမြို့နယ်အတွင်း စစ်ကော်ရှင်၏တိုက်ခိုက်မှုများကြောင့် အသက် တနှစ်အရွယ် ကလေးတဦးနှင့် သက်ကြီရွယ်အို တဦး သေဆုံးထားပြီး ဒေသခံ ပြည်သူ ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း ဒေသတွင်း တော်လှန်ရေအင်အားစုများထံမှသိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် ကျေးရွာများ ကို လက်နက်ကြီး ဒရုန်များ ဖြင့်တိုက်ခိုက်ပြီးနောက် မြေပြင်ကနေပါ စစ် ကြောင်းထိုး ဝင်ရောက်ပြီးနောက် နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် စလင်းချောင်းတောင်ဘက်ရှိ ကျေးရွာများ ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နယ်မြေများ အပြီးသတ် ပြန်သိမ်းယူမည်ဟု သတင်းများထွက်ပေါ် နေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။



ဓါတ်ပုံ - စလင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများတွင် အရေပြား ရောဂါများ ဖြစ်ပွားနေသည် ကိုတွေ့ ရစဉ်။ 

Most read this week

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...