ချင်းပြည်မှာ အိမ်တွင်းအကြမ်းဖက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တွေ့ရတယ်လို့ The HILLS Myanmar အဖွဲ့ဆို

ချင်းပြည်မှာ အိမ်တွင်းအကြမ်းဖက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တွေ့ရတယ်လို့ The HILLS Myanmar အဖွဲ့ဆို

ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ် အိမ်တွင်းအကြမ်းဖက်မှု ၊ ရင်းနှီးကျွမ်းဝင်သူတွေထံက အကြမ်းဖက်တာအပြင် ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ The HILLS Myanmar အဖွဲ့က ထုတ်ဝေတဲ့ ချင်းပြည်နယ်ဆိုင်ရာ သုတေသနအစီရင်ခံစာ အွန်လိုင်းမိတ်ဆက်ပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။

The HILLS Myanmar အဖွဲ့ကတာဝန်ရှိသူတစ်ဦးက “အိမ်တွင်းအကြမ်းဖက်မှု၊ ရင်းနှီးကျွမ်းဝင်သူတွေဆီကနေပြီးတော့ အကြမ်းဖက်တာတွေရှိတယ်။ ခြေလက်အရရော၊ လိင်ပိုင်းဆိုင်ရာအရရော၊ နောက်ပြီး ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကျနော်တို့တွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့ ကွင်းဆင်းလုပ်နေတဲ့ချိန်မှာ လူတွေရဲ့ အတွေ့အကြုံ သူတို့ကြုံတွေ့ခဲ့ရတဲ့ သူတို့ဘဝတွေအကြောင်းတွေသော်လည်းကောင်း၊ သူတို့နယ်ပယ်မှာ သူတို့ကျွမ်းကျင်တဲ့ အတွေအကြုံတွေကိုသော်လည်း ဒါတွေကိုမေးမြန်းတာဖြစ်တဲ့အတွက် ကျနော်တို့ လုပ်နေတဲ့ အချိန်မှာတော့ လိင်အကြမ်းဖက်ခံရတာတွေတော့ မတွေ့ရဘူး။ လူဦးရေအားဖြင့်လည်း ကျနော်တို့ လေ့လာမှု အတိုင်းအတာပိုင်းမှာ ဒါတွေမပါတော့ မသိရဘူး” လို့ပြောပါတယ်။

အစီရင်ခံစာတွင် ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ Gender ဆိုင်ရာ အခြေအနေတွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ ခွဲခြားဆက်ဆံမှုတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနေတယ်ဆိုတာတွေကို လေ့လာထားပြီး အထူးသဖြင့် အမျိုးသမီးတွေ ၊ LGBTQIA + တွေ၊ လူတစ်ဦးချင်းစီ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေအပေါ် အဓိကထား လေ့လာထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသုတေသနကို ချင်းပြည်နယ် ထန်တလန်၊ တီးတိန်၊ မင်းတပ် နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ trauma informed နဲ့ Participatory approach ပုံစံနဲ့ ကွင်းဆင်းပြီး သုတေသန လုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ လူမှုအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းလုပ်ဆောင်နေသူတွေ ပိုမိုသိရှိနားလည်စေဖို့နဲ့ ပိုမိုကောင်းမွန်ပြီး အားလုံးပါဝင်နိုင်တဲ့ စိတ်ကျန်းမာရေးနှင့် ကျား/ မ ရေးရာ တုံ့ပြန်ဆောင်ရွက်မှုတွေကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပြီး The HILLS Myanmar က ထုတ်ဝေတဲ့ “ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တွင်းရှိ စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသန အစီရင်ခံစာကို အွန်လိုင်းကနေ မိတ်ဆက်ပွဲကို ကျင်းပခဲ့တာလို့လည်း သိရပါတယ်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...