ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်တော့မယ်လို့ ကြေညာ

ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်တော့မယ်လို့ ကြေညာ

ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေအပါအဝင် လျှပ်စစ်အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနဲ့ ဥပဒေပညာသင်တန်းတွေ စတင်ဖွင့်လှစ်တော့မယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရ၊ပညာရေး၀န်ကြီးဌာနက ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

ဖွင့်လှစ်တော့မယ့် သင်တန်းတွေအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုလျှောက်ထားတဲ့ ကျောင်းသားတွေအနေဖြင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ခွင့်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ဒေသပညာရေးရုံး ဒါမှမဟုတ် နီးစပ်ရာ မြို့နယ်၊ ဒေသ ပညာရေးရုံး (သို့မဟုတ်) ကျောင်းတွေမှာ ဆက်သွယ်စုံစမ်းနိုင်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ကျောင်းသားတွေအနေဖြင့် ဝင်ခွင့်စာမေးဖြေဆိုလာတဲ့ချိန် လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထားများနဲ့ သိရှိရမယ့် အချက်အလက်တွေကို သက်ဆိုင်ရာမြို့နယ် ၊ ဒေသပညာရေးရုံး (သို့ ) နီးစပ်ရာမြို့နယ်၊ ဒေသ ပညာရေးရုံးတွေမှာ ဆက်သွယ်စုံစမ်းနိုင်တယ်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြိုပညာရေး ဒီပလိုမာ ၊ ဘွဲ့လွန်ပညာရေး ဒီပလိုမာသင်တန်းတွေကို (၂)နှစ် တက်ရမှာဖြစ်ပြီး ဥပဒေပညာဘွဲ့ကို (၄) နှစ် ၊ လျှပ်စစ်အင်ဂျင်နီယာ ၊ မြို့ပြအင်ဂျင်နီယာ တို့ကိုတော့ ၂ နှစ်တက်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...