ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်တော့မယ်လို့ ကြေညာ

ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်တော့မယ်လို့ ကြေညာ

ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေအပါအဝင် လျှပ်စစ်အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနဲ့ ဥပဒေပညာသင်တန်းတွေ စတင်ဖွင့်လှစ်တော့မယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရ၊ပညာရေး၀န်ကြီးဌာနက ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

ဖွင့်လှစ်တော့မယ့် သင်တန်းတွေအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုလျှောက်ထားတဲ့ ကျောင်းသားတွေအနေဖြင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ခွင့်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ဒေသပညာရေးရုံး ဒါမှမဟုတ် နီးစပ်ရာ မြို့နယ်၊ ဒေသ ပညာရေးရုံး (သို့မဟုတ်) ကျောင်းတွေမှာ ဆက်သွယ်စုံစမ်းနိုင်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ကျောင်းသားတွေအနေဖြင့် ဝင်ခွင့်စာမေးဖြေဆိုလာတဲ့ချိန် လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထားများနဲ့ သိရှိရမယ့် အချက်အလက်တွေကို သက်ဆိုင်ရာမြို့နယ် ၊ ဒေသပညာရေးရုံး (သို့ ) နီးစပ်ရာမြို့နယ်၊ ဒေသ ပညာရေးရုံးတွေမှာ ဆက်သွယ်စုံစမ်းနိုင်တယ်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြိုပညာရေး ဒီပလိုမာ ၊ ဘွဲ့လွန်ပညာရေး ဒီပလိုမာသင်တန်းတွေကို (၂)နှစ် တက်ရမှာဖြစ်ပြီး ဥပဒေပညာဘွဲ့ကို (၄) နှစ် ၊ လျှပ်စစ်အင်ဂျင်နီယာ ၊ မြို့ပြအင်ဂျင်နီယာ တို့ကိုတော့ ၂ နှစ်တက်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

January 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ရပ်ရွာလုံခြုံရေးအပြာဝတ်တွေ ပျူစောထီးတွေ၊ရဲတွေက...
January 17, 2026
DonBosco — Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို အိန္ဒိယ-မြန်မာနယ်စပ်၌...
January 16, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (...
January 15, 2026
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့...