AA ထိန်းချုပ်ဒေသက ပြည်သူများကို အုပ်ချုပ်ရေးမှူး ထောက်ခံစာများ ပါမှ ပြည်ပ ထွက်ခွင့်ပြု

AA ထိန်းချုပ်ဒေသက ပြည်သူများကို အုပ်ချုပ်ရေးမှူး ထောက်ခံစာများ ပါမှ ပြည်ပ ထွက်ခွင့်ပြု

အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာမြို့နယ်များမှ ဒေသခံများမှာ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် အခြား လူမှုရေးကိစ္စများအတွက် ရခိုင်ပြည် ပြင်ပသို့ သွားလိုပါက ရပ်ကျေး၊ တိုက်နယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရမှ သွားခွင့်ရရှိကြောင်း ဒေသခံများထံက သိရသည်။

ယခင်က ရခိုင်ပြည်သူများမှာ ရပ်ကျေး၊ မြို့နယ်အုပ် ထောက်ခံစာများ မလိုဘဲ လွတ်လပ်စွာသွားလာ ခွင့်ပြုခဲ့သော်လည်း ယခုအခါ ထောက်ခံစာ အဆင့်ဆင့်ယူပြီးမှ ရခိုင်ပြည် ပြင်ပကို ထွက်ခွာခွင့် ပေးလာခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ် ဒေသခံတစ်ဦးက " အရင်တုန်းကဆို အိန္ဒိယဖက်ကို လွတ်လပ်စွာ သွားလာလို့ ရတယ်။ ဘာမှ စစ်ဆေးတာမျိုး မရှိဘူး။ အခုကျတော့ ပထမဆုံး ရပ်ကျေးထောက်ခံချက် လိုတယ်။ အဲဒီမှာ မိသားစုဝင် နှစ်ဦးက အာမခံချက်ပေးမှ အုပ်ချုပ်ရေးမှူးက ပေးတာ။ ဒီကနေ တိုက်နယ်ပြီးတော့ မြို့နယ်အုပ်ချုပ်‌ရေးမှူး ထောက်ခံချက်လိုတယ်။ ဒီလို အဆင့်ဆင့်ပေးပြီးမှ ခရီးသွားလို့ ရတာ။ အဓိက စစ်မှုထမ်းပါတဲ့ လူငယ်တွေကို ပိတ်ပင်ဖို့ လုပ်တာပေါ့ " ဟု ပြောသည်။

အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ ပြည်သူ့စစ်မှုထမ်းစာရင်းတွင် ပါဝင်သူ များသည် ရခိုင်ပြည် ပြင်ပကို ထွက်ပြေးမှုများ မြင့်တက်လာနေသည့်အတွက် အာရက္ခပြည်သူ့အစိုးရက တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြသည်။

ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာခြင်းကို ၂၀၂၅ ခုနှစ်ကတည်းက စတင်ကျင့်သုံးနေခြင်း ဖြစ်သော်လည်း ယင်းအချိန်က မကွေးတိုင်းဖက်သို့ သွားသည့် ကုန်သည်များကိုသာ တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းဖြစ်ပြီး၊ အိန္ဒိယဖက်ကို သွားသည့် ကုန်သည်များကို ယခု ၂၀၂၆ က စတင်တင်းကျပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ကုန်သည်တစ်ဦးက " အရင်ကတော့ မကွေးဖက်သို့ သွားတဲ့ ကုန်သည်တွေ ထောက်ခံစာ လိုတာ။ အခုနှစ်က စပြီး အိန္ဒိယဖက်ကို သွားတဲ့ သူတွေကိုပါ မြို့နယ်အဆင့် ထောက်ခံစာပါမှ ထွက်ခွင့်ပြုတယ်။ တချို့ကုန်သည်တွေဆိုရင် မြို့နယ် ထောက်ခံစာမပါလို့ နယ်စပ်ကလာရတဲ့သူတွေလည်း ရှိကြတယ်။ ဆေးကုသဖို့သွားတဲ့ သူတွေပါ ရပ်ကျေးနဲ့ မြို့နယ်အဆင့် ထောက်ခံစာတွရမှ သွားခွင့်ရှိတာ " ဟု ပြောသည်။

ထိုသို့ ထောက်ခံစာ အဆင့်ဆင့်ယူနေရသဖြင့် သွားလာရေး ခရီး နှောက်နှေးစေကြောင်းလည်း ဒေသခံများက ပြောကြသည်။

လက်ရှိ ရခိုင်ပြည်တွင် စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များသည် စစ်မှုမထမ်းလိုခြင်းနှင့် ပညာသင်ရန်အတွက် ပြည်မဖက်ကို ထွက်ခွာရန် ကြိုးပမ်းလာနေသူများလည်း ရှိနေသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများ လုပ်နေသည်။

(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...
DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...