- ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ကျူးလွန်သူ ၁၀ ဦးကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တီမောလက်စ်တေနိုင်ငံမှာ စတင်တရားစွဲဆိုလိုက်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ပြောပါတယ်။
- ချင်းပြည်နယ် ဒေသတွင်း နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုပေးဖို့အတွက် CDF- မင်းတပ်၊ MRO/ CDF-မတူပီ၊ CDF - ကန်ပက်လက်နဲ့ CDF - ဒိုင်ရ်တို့စုစည်းပြီး ချင်းပြည်သူ့အစည်းအရုံး (CPU)/ချင်းပြည်သူ့တပ်မတော်(CPA)ကို တရားဝင် ဖွဲ့စည်းလိုက်ပါတယ်။
- ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သီးဘွာလ်ကျေးရွာက တိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးသွားပါတယ်။






