ပျူဒုခေါင်းဆောင် စိန်လွင် မူးယစ်ဆေးနှင့်အတူ အဖမ်းခံရ

ပျူဒုခေါင်းဆောင် စိန်လွင် မူးယစ်ဆေးနှင့်အတူ အဖမ်းခံရ

မြင်းခြံခရိုင်၊ တပ်ရင်း (၃) ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ဒု-ပျူခေါင်းဆောင် စိန်လွင်နှင့်အတူ WY စိတ်ကြွဆေးပြား ၂၀၀ သိမ်းဆည်းရမိခဲ့သည့် ကိစ္စသည် မြင်းခြံမြို့တွင် လူပြောအများဆုံး သတင်းတခု ဖြစ်လာသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၄ ရက်) က ပုဂံဘက်သို့ အပန်းဖြေရန်အသွားတွင် ယခုလို မူးယစ်ဆေးဝါးများနှင့်အတူ အဖမ်းခံလိုက်ရခြင်းဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူကို ရှာမတွေ့သည့် သီတာယုမွန်က မြင်းခြံမြို့ပေါ်တွင် လိုက်လံရှာဖွေနေမှုများကြောင့် အခြေအနေများ ပိုမိုလှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် နာမည်ဆိုးနှင့် ကျော်ကြားသည့် အမျိုးသမီးပျူခေါင်းဆောင်သီတာယုမွန်၏ ယောက်ျား ဒုတိယ ပျူခေါင်းဆောင် စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ မြင်းခြံခရိုင်တပ်ရင်း (၃) တပ်ခွဲ (၂) က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

စိန်လွင်ကိုဖမ်းဆီးရမိချိန်တွင် WY စိတ်ကြွရူးသွပ်ဆေးပြေား ၂၀၀ ၊ စစ်ကော်မရှင်တပ်ဖွဲ့ က ထုတ်ပေးထားသည့် ပျူစောထီးဒူခေါင်းဆောင်ဖြစ်ကြောင်း သက်သေခံလက်မှတ်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း (၃) ထံမှ သိရသည်။

ယောက်ျားဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ပျူခေါင်းဆောင်သီတာယုမွန်သည် မြင်းခြံမြို့ပေါ် ရှိ KTV များနှင့် စင်တင်စားသောက်ဆိုင်များတွင် ကားသုံး စီးဖြင့် လှည့်လည်ရှာဖွေခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃) က ဆိုသည်။

“ ကျတော်တို့ ဖမ်းထားတာကို KTV တွေ မှာ လိုက်ရှာနေတော့ ယုန်တောင်ပြေး ခွေးမြောက်လိုက် ဖြစ်နေတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း (၃) တာဝန်ရှိသူ တဦးက ပြောသည်။

ယင်းအပြင် သီတာယုမွန်အနေဖြင့် စိန်လွင့်ဖမ်းဆီးခံရမှုနှင့် ပတ်သတ်ပြီး မြို့နေပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ရန် အတွက်ကိုလည်း မြင်းခြံခရိုင်တပ်ရင်း (၃) က ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ရက်နေ့ ကလည်း မြင်းခြံမြို့အနီးတွင် ပျူခေါင်းဆောင် သီတာယုမွန်၏ နောက်လိုက် ပျူစောထီး အမျိုးသမီး သုံး ဦးကို ထနောင်းမြေစစ်ကြာင်းနှင့် မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့က ဖမ်းဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ပျူခေါင်းဆောင် သီတာယုမွန်သည် ယခင်က စင်တင်စားသောက်ဆိုင်များတွင် ဖျော်ဖြေသူဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးနောက် ပျူစောထီး ဖြစ်လာခဲ့ရာ နောက်ပိုင်းတွင် အမျိုးသမီး ပျုခေါင်းဆောင်အဖြစ်ပါ နာမည်ဆိုးနှင့် ကျော်ကြားလာသူဖြစ်သည်။

သီတာယုမွန်ဦးဆောင်သည့် ပျူများသည် မြင်းခြံခရိုင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်း၊ မီးရှို့ခြင်းနှင့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို မကြာခဏ ကျူးလွန်နေသည်ဟု ဒေသခံတို့က ပြောဆိုထားကြသည်။

စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 24, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ် ကလေးငယ် ၆ ဒသမ ၃...