ဧရာဝတီမြစ် ထာဝရစီးဆင်းနိုင်ရေး အစွမ်းကုန်ဆောင်ရွက်မယ်လို့ မြစ်ဆုံအရေးနဲ့ပတ်သက်ပြီး NUG ပြော

ဧရာဝတီမြစ် ထာဝရစီးဆင်းနိုင်ရေး အစွမ်းကုန်ဆောင်ရွက်မယ်လို့ မြစ်ဆုံအရေးနဲ့ပတ်သက်ပြီး NUG ပြော

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NUG ပြော‌ရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မြစ်ဆုံအရေးနဲ့ပတ်သက်ပြီး ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားတဲ့ အစီအစဉ်ကနေ ဦးနေဘုန်းလတ်က အဲဒီလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

"အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အာဏာလု အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတကို ရောင်းချပိုင်ခွင့် နိုင်ငံတကာစာချုပ်တွေ ချုပ်ဆိုခွင့် လုံးဝမရှိပါဘူး။ အကြမ်းဖက် စစ်အုပ်စုနဲ့ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေး စာချုပ်မျိုးမဆို အတည်ဖြစ်မှာ မဟုတ်သလို ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှု နစ်နာမှုမှန်သမျှဟာလည်း စစ်အုပ်စုနဲ့ ရင်းနှီးမြှုပ်နှံသူများရဲ့ တာဝန်သာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်တယ်။“ လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အခုချိန်မှာ စစ်ကော်မရှင်ဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နဲ့အတူ ပြန်စနိုင်ဖို့ ကြိုးစာနေပြီး ဒီဇင်ဘာလထဲမှာဘဲ ကချင်ပြည်နယ်က ဒေသခံပြည်သူတွေကို သွားရောက်တွေ့ဆုံပြီးတော့ စီမံကိန်းကို ပြန်စနိုင်ရေး ပြောဆိုထားပါတယ်။

"ဆည်ကျိုးပေါက်ခဲ့ရင် ကချင်ပြည်နယ်က မြို့ကြီးတွေဟာ နေ့ပိုင်းအတွင်း ရေအောက်ရောက်သွားနိုင်တဲ့ အန္တာရာယ်ရှိနေပါတယ်။ အခုလိုချိန်မှာ မြစ်ဆုံစီမံကိန်းကို စစ်အုပ်စုက ပြန်စဖို့ ကြိုးစားတားဟာ အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့ နှလုံးသားကို ထိုးကျွေးလိုက်တာပဲ ဖြစ်ပါတယ်။"လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့်  သဘာဝပတ်ဝန်းကျင်ဆိုးကျိုးတွေဟာ အစားထိုး မရနိုင်အောင်ကြီးမားပြီး ဆည်ကြောင့် နုန်းမြေစီးဆင်းမှု ရပ်တန့်သွားရင် ဧရာဝတီတိုင်းရဲ့ လယ်ယာမြေတွေရဲ့ မြေဆီလွှာ ပျက်စီးသွားမှာ ဖြစ်သလို မြစ်ရေစီးအား မမှန်ကန်တော့တဲ့အတွက် ပင်လယ်ဆားငန်ရေတွေ ကုန်းတွင်းပိုင်းကို လျှံတက်လာပြီး မြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံး စိုက်ပျိုးလို့မရနိုင်အောင် ပျက်စီးသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပြီးတော့ အခုချိန်မှာတော့ ပြန်လည်စတင်လုပ်ကိုင်ဖို့ တရုတ်နိုင်ငံနဲ့ စစ်ကော်မရှင်က ကြိုးစားနေတာပါ။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

June 22, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းတာတွေကြောင့် ဖားကန့်မြို့ပေါ်က...
June 20, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ထဲက နန့်ရင်းချောင်းနဲ့ နန့်ကောင်းချောင်း ရေတက်လာတဲ့အတွက်...
Photo Credit- The Kachin Net
June 19, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့...
June 17, 2026
စစ်ဘေးတိမ်းရှောင်တာ တစ်နှစ်ကျော်ကြာမြင့်လာတဲ့နောက်ပိုင်း လဝါးဒေသခံပြည်သူအချို့...