မော်လိုက် ရန်ကင်းတောင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၆ ဦး သေဆုံး

မော်လိုက် ရန်ကင်းတောင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း ကုန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့် စစ်ကော်မရှင်တပ်သား အလောင်းခြောက်လောင်း သိမ်း ဆည်းရမိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ယမန်နေ့( ဒီဇင်ဘာ ၁၄ ရက်) နံနက် ၁၁ နာရီတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တနာရီအကြာတွင် စခန်း ကုန်းကို သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

“ဆွတ်နန်းကျေးရွာမှာ စစ်တပ်က တပ်စွဲထားတယ်။ အဲဒီရွာကနေတဆင့် အင်အားသုံးပြီး စခန်းကုန်း ဘက်ကို ထိုးစစ်ဆင်လာတာပါ။ တိုက်ခံရတော့လည်း အင်အား ၃၀ လောက် အဲဒီရွာဘက်ကိုထွက်ပြေး ကြတယ်” ဟု မော်လိုက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

အဆိုပါ စခန်းကုန်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား အလောင်းခြောက်လောင်းနှင့် လက်နက်ခဲ ယမ်းများ သိမ်းဆည်းရမိခဲ့ပြီး စစ်သား ၃၀ ခန့် ဆွတ်နန်းကျေးရွာ အထိုင်တပ်စခန်းများသို့ထွက်ပြေး သွားကြောင်း သိရသည်။

ဒီဇင်ဘာ ၉ ရက်နေ့တွင် စစ်ကော်မရှင်တပ်က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာသည့်အတွက် တော် လှန်ရေးတပ်ဖွဲ့များအနေဖြင့် ရန်ကင်းတောင်စခန်းကို ယာယီစွန့်ခွဲခဲ့ကာ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် တကြော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ရန်ကင်းတောင်စခန်းကုန်းမှာ ဆွတ်နန်းကျေးရွာအထိုင်တပ်စခန်း၏ ကာကင်းစခန်းကုန်းဖြစ်ပြီး စခန်း ကုန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်မျာ ဆုတ်လမ်းရစေရန် ဆွတ်နန်းရွာတပ်စခန်းက လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရသည်။

မော်လိုက်ခရိုင် တော်လှန်ရေးအင်အားစုများစုပေါင်း၍ ဩဂုတ်လတွင်စတင်ခဲ့သည့် သိန်းငှက်စစ်ဆင် ရေးအတွင်း စစ်ကော်မရှင်နှင့် ပျူပူပေါင်း တပ်စခန်း ရှစ်ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာ ၁၇ ရွာကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ် စိုးမိုးထားကြောင်း Mawlaik Revolutions ထံမှ သိရသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...