ကျောက်ဖြူမြို့အနီး လက်နက်မျိုးစုံပစ်ခတ်သံများကို ပိုမိုကြားလာရ၍ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေချိန် နိုင်ငံရေးပါတီများလည်း အပြိုင်မဲဆွယ်နေ

ကျောက်ဖြူမြို့အနီး လက်နက်မျိုးစုံပစ်ခတ်သံများကို ပိုမိုကြားလာရ၍ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေချိန် နိုင်ငံရေးပါတီများလည်း အပြိုင်မဲဆွယ်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့အနီးမှ လက်နက်မျိုးစုံပစ်ခတ်သံများကို ပိုမိုကြားလာရသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေချိန်တွင် နိုင်ငံရေးပါတီများက အပြုံးမပျက် အပြိုင်မဲဆွယ်မှုများကို ပြုလုပ်နေကြသည်ဟု သိရသည်။

ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)က ကျောက်ဖြူမြို့မှ လက်လုပ်လက်စား ဒေသခံများကို လက်ဖက်ရည်တိုက်၊ ထမင်းကျွေးပြီးမဲဆွယ်နေသည်ဟု ကျောက်ဖြူမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာ ၉ ရက်၊ နံနက်အစောပိုင်းမှစတင်ကာ ကျောက်ဖြူမြို့၊ ဆားပြင်ကွင်းရပ်ကွက်မှ လက်လုပ်လက်စားဒေသခံအချို့ကို ခေါ်ယူကာ လက်ဖက်ရည်၊ မုန့်နှင့် နေ့လယ်တွင် ထမင်းပါကျွေးခဲ့ပြီး မဲဆွယ်ခဲ့သည်ဟု သူမက ပြောသည်။

မဲဆွယ်ရာတွင် ဒေါက်‌တာအေးမောင် ကိုယ်တိုင်မပါရှိသော်လည်း သူ၏ ပါတီဝင်များဖြစ်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲဆွယ်ခဲ့ကြသည်ဟု ဆိုသည်။

ဒေါက်တာအေးမောင်ဦးဆောင်သည့် AFP ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်ရှိ မဲဆန္ဒနယ်အားလုံးမှ ကိုယ်စားလှယ်ပေါင်း ၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် စစ်တွေခရိုင်မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသား လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဒီဇင်ဘာ ၆ ရက်‌နေ့ကလည်း ရခိုင်တိုင်းရင်းသားများပါတီ(RNP)ခေါင်းဆောင် ဦးဘရှိန်ကိုယ်တိုင် ပါတီအတွက် ကျောက်ဖြူမြို့တွင် မဲဆွယ်စည်းရုံးမှုများကို လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ယခုလို မဲဆွယ်နေသော်လည်း ကျောက်ဖြူမြို့အနီးအနားတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည့်အတွက် ကျောက်ဖြူ ဒေသခံပြည်သူ အများစုသည် စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လုံး၀ မရှိဟု ဆိုသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ရခိုင်လူထုကို နေ့စဉ်လိုလို ဗုံးကြဲသတ်ဖြတ်နေချိန်တွင် ရခိုင်နိုင်ငံရေးသမားအချို့က စစ်တပ်နှင့်ပေါင်းပြီး ရွေးကောက်ပွဲဝင်ရန်ပြုလုပ်နေသည့်အပေါ် အကြီးအကျယ်ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

စစ်အုပ်စုက ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ရခိုင်ကိုယ်စားပြု ပါဝင်မည့်ပါတီ ငါးပါတီရှိနေပြီး အဆိုပါပါတီများမှာ ဒေါက်တာ အေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်တည်ထောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ (RSNUP)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MNDP)နှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ကြသည်။

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...