ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေကို AA က တပ်သားစုဆောင်းတာတွေလုပ်လို့ ချင်းလူငယ်တွေ တိမ်းရှောင်နေရ

ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေကို AA က တပ်သားစုဆောင်းတာတွေလုပ်လို့ ချင်းလူငယ်တွေ တိမ်းရှောင်နေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ ချင်းလူမျိုးတွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေလို့ ဒေသခံချင်းလူငယ်တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝအထက်ပိုင်း ပိန္နဲတပင်ရွာ၊ ငရှားရွာ၊ ကြွေသောင်ရွာ နဲ့ အနီးအနားက ရွာတွေ နှင့် ပလက်ဝအောက်ပိုင်း လောက်ကဒူး၊ တိုးမဝ၊ ရီမဝ၊ အောင်သဲဝ ၊ နှမဒါ ရွာတွေမှာ အာရက္ခတပ်တော် ULA / AA က တစ်အိမ် တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေပြီး ချင်းလူမျိုးတွေကို ပထမဆုံး တပ်သားစုဆောင်းလာတာလို့လည်း ပလက်ဝဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းကနေ တစ်အိမ်ကို လူတစ်ယောက်နှုန်းနဲ့ အသက် ၁၈ နှစ်ကနေ ၄၀ အကြား ခေါ်တာပေါ့ တချို့အိမ်တွေမှာက အသက် ၁၈ နှစ်မပြည့်တာတွေလည်းရှိတယ် အသက်မပြည့်သေးတဲ့ ၁၄၊ ၁၅ နှစ်အရွယ်တွေ တပ်သားစုဆောင်းခံရတာတွေလည်းရှိတယ် လူငယ် တော်တော်များများ ရတဲ့နည်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြတယ် အရင်ကလည်း ပလက်ဝမြို့နယ်အတွင်း တပ်သားစုဆောင်းတာတွေ ရှိပေမယ့် ရခိုင်လူမျိုးတွေကိုပဲ တပ်သားစုဆောင်းတာ အခုမှ ချင်းလူမျိုးတွေလည်း စုဆောင်းခံလာရတာဖြစ်တယ် မနေ့ကတောင် ပြည်မဘက် ထွက်တဲ့ဂိတ်မှာ အသက် ၁၈ နှစ်အထက် လူငယ် ၂ ဦး ထပ်မံဖမ်းခံရတယ် သူတို့နှစ်ယောက်က ပြည်မဘက် အလုပ်လုပ်ဖို့ သွားတာကို ဖမ်းဆီးခံရလိုက်တယ်” လို့ ပြောပါတယ်။

ULA / AA ရဲ့ တပ်သားစုဆောင်းမှုတွေကြောင့် ပလက်ဝမြို့နယ်အတွင်းက လူငယ်တွေဟာ ဆမီး - မတူပီဘက်နေ ထွက်ပြေးတာတွေ၊ ပလက်ဝ - ဆောဘက်က ထွက်ပြေးတာတွေ၊ ပလက်ဝကနေ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတာတွေ စတဲ့ လမ်းကြောင်းမျိုးစုံနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပလက်ဝ ဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကစလို့ စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း အုပ်ချုပ်ရေးတွေကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...