KNU က ကျားဖြန့်တွေကိုဝှက်ထားပေးလို့ ဗုံးကြဲရကြောင်း သတင်းအမှားဖြန့်

KNU က ကျားဖြန့်တွေကိုဝှက်ထားပေးလို့ ဗုံးကြဲရကြောင်း သတင်းအမှားဖြန့်

ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို ဖုံးကွယ်ပြီး ကျားဖြန့်လုပ်ကိုင်သူများကို ဝှက်ထားပေး၍ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ရခြင်းဖြစ်ကြောင်း နိုဝင်ဘာ (၂၇)ရက်နေ့ ည ၈နာရီဝန်းကျင်မှ စတင်ကာ လှုမှုကွန်ရက်မီဒီယာပေါ်တွင် ပျံ့နှံ့လာသည်။

“ဧရာဝတီမေ” အမည်ရှိ ဖေ့ဘွတ်(ခ်)သုံးစွဲသူက ၎င်း၏ကိုယ်ပိုင်အကောင့်မှ “KNUကျားဖြန့်၊ ကွယ်ထူးဝင်းကျားဖြန့်၊ အာရွှဲ့စောတာနီးကျားဖြန့်တွေ ဖုံးကွယ်၊ တရားခံတွေဖွက်ထားသမျှ နေရာများအား အပြင်းအထန်ဗုံးကြဲသုတ်သင်နေ။” ဟု ဆိုကာ သောင်ရင်းမြစ်ကမ်းတစ်နေရာတွင် ကျားဖြန့်လုပ်သားများ စုဝေးနေသည့် ဓာတ်ပုံ(၃)ဖြင့်တကွ ဖြန့်ဝေထားသည်။

သတင်းလင့်ခ်(၁) – https://archive.ph/3JmtX

အဆိုပါသတင်းကို စစ်အုပ်စုထောက်ခံ“နေပြည်တော်” တယ်လီဂရမ်ချန်နယ် ကလည်း ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃ထောင်ကျော်နှင့် React ပြုလုပ်သူ ၁၀၀ နီးပါးရှိသည်။

သတင်းလင့်ခ်(၂) – https://archive.ph/BxJH8

အချက်အလက်စစ်ဆေးပေးသည့် Myanmar Fact-Checking Network အဖွဲ့ဝင် ‌KIC သတင်းဌာနက အဆိုပါရေးသားဖြန့်ဝေမှုကို စိစစ်ချက်အရ သတင်းမှားဖြစ်ကြောင်း တွေ့ရသည်။

စိစစ်ချက် – ကူးယူဖော်ပြထားသောပုံများ



သတင်းအမှားဖြန့်သည့် လှုမှုကွန်ရက်အကောင့်မှ ဓာတ်ပုံ(၃)ပုံအား ပုံအချက်အလက်စစ်ဆေးပေးနိုင်သည့် Reverse Image Search tools ဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ တော်လှန်ရေးတပ်ဖွဲ့များကို မြန်မာစစ်အုပ်စုက တိုက်ခိုက်တာကြောင့် ကျားဖြန့်လုပ်သားများ သောင်ရင်းမြစ်ကမ်းနံဘေးသို့ ရှောင်တိမ်းလာပြီး ထိုင်းနိုင်ငံဘက်က ဝင်ခွင့်မပေးသေးသဖြင့် ကမ်းစပ်တွင်သောင်တင်နေပုံဖြစ်သည်။

ထိုပုံများကို နိုဝင်ဘာ(၂၇)ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုမှ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့သည်။

Amarin News- https://tinyurl.com/2w8ysc7m

နောက်ခံအကြောင်းအရာနှင့်ပတ်သက်၍ သတင်းလုပ်ငန်းအတိုင်းလုပ်ဆောင်နေကြသည့် ပြည်တွင်း မီဒီယာများကလည်း စစ်အုပ်စုကစစ်ကြောင်းထိုး ပစ်ခတ်မှုများလုပ်ဆောင်လို့ ထိုင်းဘက်မဝင်နိုင်သေးသည့် ကျားဖြန့်လုပ်သားများ သောင်ရင်းမြစ်တွင် သောင်တင်နေကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

Than Lwin Times- https://tinyurl.com/4eca396m

NMG- https://tinyurl.com/45azxar5

Mizzima – https://tinyurl.com/d9nsxwvx

KIC- https://tinyurl.com/ycy7p9kz

သတင်းဌာနများ၏ဖော်ပြချက်အရ နိုဝင်ဘာ(၂၁)ရက်နေ့က ကေအဲန်ယူ၏လက်အောက်ခံ မဟာမိတ်တပ်များ DKBA အကာအကွယ်အောက်ရှိ မင်းလက်ပံ၊ ကျားဖြန့်ခြံဝင်းကို ထိန်းချုပ်လိုက်ပြီး ကျားဖြန့်လုပ်သားများကို ထိန်းသိမ်းခြင်း၊ သက်သေခံပစ္စည်းများကို စုဆောင်း၍တာဝန်ရှိသူများထံ အပ်နှံခြင်းတို့လုပ်ဆောင်ခဲ့သည်။

Myanmar Now- https://tinyurl.com/58zf3hwp

ကေအဲန်ယူက နိုဝင်ဘာ(၂၅)ရက်နေ့တွင် ထိုခြံဝင်းကိုထိန်းချုပ်လိုက်ပြီး လုပ်ငန်း ဆက်လက် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာအကူအညီလိုအပ်ကြောင်း ကေအဲန်ယူမှတရားဝင်ကြေညာအပြီး စစ်အုပ်စု၏ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့်လေကြောင်းမှ ပစ်ခတ်မှုများ ဆက်တိုက်ရှိနေသည်။

BBC – https://tinyurl.com/wze44hm5

Irrawaddy – https://tinyurl.com/24xfuys7

လူထုနွေဦး – https://tinyurl.com/n3azyw2z

KIC- https://tinyurl.com/xvh666pv

သုံးသပ်ချက်

ဖော်ြပပါစိစစ်ချက်အရ ကေအဲန်ယူက မင်းလက်ပံကျားဖြန့်နေရာကို ထိန်းချုပ်ထားပြီး သက်သေခံ စုဆောင်း လွှဲပြောင်းနေပြီဖြစ်ကြောင်း တရားဝင်ကြေညာအပြီးတွင် စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှု ပိုလုပ်ခဲ့သည်မှာ ထင်ရှားသည်။

ကျားဖြန့်ခြံဝင်းအတွင်း အခြေအနေ၊ လူဦးရေစာရင်းနှင့် လည်ပတ်ပုံများကို ကေအဲန်ယူက အသေးစိတ် ထုတ်ပြန်ခဲ့သလို ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်းလုပ်ကိုင်ခြင်းပါ ရှိခဲ့သောကြောင့် ကျားဖြန့်များကို ကေအဲန်ယူ ခေါင်းဆောင်များက ဝှက်ထားပေးသည် ဆိုသောအချက်မှာလည်း မှားယွင်းနေသည်။

ဝါဒဖြန့်သူများ အသုံးပြုထားသည့် ဓာတ်ပုံများမှာလည်း အကြောင်းအရာနှင့်မအပ်စပ်၊ ကူးယူထားသော ပုံများဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ထို့ကြောင့် မင်းလက်ပံကျားဖြန့်နေရာများကို စစ်အုပ်စုလေကြောင်း တိုက်ခိုက်ခဲ့ခြင်းက မှန်ကန်သော်လည်း အကြောင်းအရာမှားယွင်းနေ၍ လူထုယုံမှားသံသဃဖြစ်စေရန် ဖြန့်ဝေမှုမျိုးဖြစ်ကြောင်း သုံးသပ်ရသည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန် တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...
ဓါတ်ပုံ - CJ
August 17, 2026
ကရင်ပြည်၊ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး...
August 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)...