ထိုင်းဘက်ခြမ်းက ပြန်လွှတ်နေလို့ မောတောင်စစ်ရှောင်တွေ စိုးရိမ်စိတ်နဲ့ နေရပ်ပြန်နေရ

ထိုင်းဘက်ခြမ်းက ပြန်လွှတ်နေလို့ မောတောင်စစ်ရှောင်တွေ စိုးရိမ်စိတ်နဲ့ နေရပ်ပြန်နေရ

တနင်္သာရီတိုင်း မောတောင်မြို့သိမ်း တိုက်ပွဲကြောင့် ထိုင်နိုင်ငံနယ်စပ်အနားထိ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ ထိုင်းဘက်ခြမ်းက ပြန်လွှတ်နေတာကြောင့် စိုးရိမ်စိတ်တွေနဲ့နေရပ်ပြန်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့လောက်စပြီး မောတောင်နယ်စပ်ဂိတ် ထိုင်းအာဏာပိုင်တွေဘက်က ထိုင်းဘက်ခြမ်း ရောက်ရှိနေတဲ့ စစ်ရှောင်တွေကို နေရပ်ပြန်ကြဖို့ လာရောက်ပြောဆိုတာတွေ ရှိနေတာကြောင့် တချို့ စစ်ရှောင်တွေက မနေရဲကြဘဲ နယ်မြေမတည်ငြိမ်သေးတဲ့ မြို့ထဲ ပြန်ဝင်နေရတာပါ။

ထိုင်းနိုင်ငံဘက်က ဖိအားပေးနေပေမယ့် လုံခြုံရေးစိုးရိမ်ရတာကြောင့် မြို့ထဲပြန်မနေရဲသေးသူတွေက နယ်စပ်မျဉ်းပေါ်နဲ့ထိုင်းဘက်ခြမ်း ဆက်နေသူတွေ အများအပြား ရှိနေသေးတယ်လို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ဆိုပါတယ်။

မောတောင်မြို့သိမ်း တိုက်ပွဲကြောင့်ထွက်ပြေးသူတွေအနက် စစ်ရှောင် ၈၀၀ လောက်ဟာ ထိုင်းဘက်ခြမ်း ရောက်ရှိနေပြီး ကျန် ၃၀၀၀ ကျော်ကတော့ ထိုင်းနယ်စပ်ဂိတ်အနီးတွေမှာ နေထိုင်နေကြရပါတယ်။

မောတောင်မြို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားပေမယ့် နယ်မြေအခြေအနေ မတည်ငြိမ်သေးတာ၊ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး အန္တရာယ် ဆက်ရှိနေတာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာပါ။

မောတောင်မြို့ တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကော်မရှင်တပ်ဟာ မြို့ပြန်လည် ရရှိရေးအတွက် လေကြောင်းကနေ အင်အား ၁၀၀ ကျော် စစ်ကူပို့ဆောင်ပြီး စစ်ကြောင်းထိုးလာတာကြောင့် သိန်းခွန်ကျေးရွာနဲ့ သဲဖြူကျေးရွာတို့မှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...